Part-21

8.1K 1K 67
                                    

Unicode;

"Jimin na ဘာတွေ ပြုံးနေတာလဲ"
"ဗျာ"
"မင်း အလုပ်က ပြန်လာကတည်းက ပြုံးပြုံးကြီး"

Hoseok စကားကြောင့် Jimin ခေါင်းကုတ်ပြီး ဘယ်လိုပြောရမှန်း မသိတာနဲ့

"အာ အဲ့ဒါ အလုပ်ပါးလို့ ကျေနပ်လာတာ ဟီး"
"ဟင်း မင်းဆိုတာကလည်း အလုပ်လုပ်တာမှ တပတ်မပြည့်သေးဘူး အလုပ်ပါးလို့ ပျော်နေတာတဲ့"
"ဟီး Hyung ကလည်း ကျွန်တော် နားတော့မယ်"

Jimin လည်း အိပ်ခန်းထဲ ဝင်ပြီး ကုတင်ပေါ်လှဲရင်း ပြုံးနေမိသည်။ 'ကလေး'တဲ့...။ ဒါနဲ့ဆို နှစ်ခါရှိပြီ အိမ်မက်ထဲက အတိုင်းပဲ...။ နားထောင်ရတာ နားဝင်ချိုလိုက်တာ ဟီး...။ မဟုတ်မှလွဲရော Jungkook က ငါ့ကို ကြိုက်နေတာလား..။ မဟုတ်တာ သူက လူတကာကို I love you ပြောနေတာကို ဒါမှမဟုတ် ငါကပဲ Jungkook ကို ကြိုက်နေတာလား ဟီး မသိတော့ဘူး ရှက်လိုက်တာ..။

တီ တီ တီ တီ တီ တီ တီ တီ

နိူးစက်သံကြားတာနဲ့ Jimin ချက်ခြင်းရေထချိုးလိုက်သည်။ ဒီနေ့တော့ 7 နာရီ ခေါ်ထားပေမယ့် သပ်သပ်ရပ်ရပ်လေး Jungkook ဆီသွားချင်တာမို့ တမင် နိူးစက်စောပေးထားခြင်းဖြစ်သည်။ ခါတိုင်းလို့ တွေ့ရာဆွဲမဝတ်ပဲ နည်းနည်းကြည့်ကောင်းတာလေး ဝတ်ဖို့ ကြိုးစားလိုက်သည်။ အပြာနုရောင် ဆွယ်တာ ပခုံးကျ လက်ရှည်လေးနဲ့ ဂျင်းဘောင်းဘီအကျပ်တို့ကို တွဲဝတ်ထားတဲ့ ကိုယ့်ကိုကိုယ် မှန်ထဲက ကြည့်ရင်း

"အာ.. ချောလိုက်တာ Park Jimin ရယ် အဟီး"

အခန်းပြတင်းပေါက် လိုက်ကာလေးကို အသာလေးဖယ်ကြည့်ရင်း အိမ်ရှေ့ ရောက်နေပြီဖြစ်တဲ့ ကားလေးကြောင့် Jimin အိမ်ထဲက ထွက်လာခဲ့လိုက်တော့သည်။ ကားမှန်လေးကို ခေါက်လိုက်တော့ Jungkook က ကားတံခါးဖွင့်ပေးရင်း

"သွားစရာရှိလို့လား နည်းနည်းသပ်ရပ်နေသလားလို့"
"မရှိပါဘူး ခါတိုင်းလည်း ဒီလိုပဲ ဝတ်တတ်တာကို"
"ဟက် ဟာသတွေ သူဖြင့် အရင်က Pajama နဲ့တောင် ကျောင်းတက်တာကို"
"အဲ့ဒါ ခင်ဗျားကြောင့်လေ"

ခပ်စွာစွာ ရန်ပြန်ထောင်တဲ့ Jimin ကို ကြည့်ပြီး Jungkook က ရယ်လိုက်မိသည်။ Jimin က

"ဒီနေ့ 7 နာရီမှ ဘာလို့ ခေါ်တာလဲ ဘာထပ် လုပ်ခိုင်းဦးမှာလဲ"
"ဒီတိုင်း ငါ့ဘေးမှာထိုင်ပြီး မနက်စာ ထိုင်စားပေးရုံပဲ အဖော်မပါပဲ တယောက်ထဲ စားရမှာ ပျင်းလို့"

My Little ServantWhere stories live. Discover now