Part-27

7K 866 87
                                    

Unicode;

"ကလေးလေး ငိုင်မနေနဲ့တော့ ရော့ ကိုယ်နွားနို့ ပူပူလေး ယူလာတယ်"

Jin ရဲ့ ကော်ဖီဆိုင်လေးဆီ ငိုနေတဲ့ Jimin လေးကို ခေါ်လာခဲ့လိုက်သည်။ Jin ဆီက နွားနို့ ပူပူလေးတစ်ခွက်နဲ့ Chocolate cake မှာပြီး Jimin ဆီ Jungkook ယူလာခဲ့လိုက်သည်။ Jimin လေးကတော့ မျက်ရည်တွေ ရပ်တန့်သွားပေမယ့် နှာတရှုံရှုံ ဖြစ်တုန်း။

"မငိုနဲ့တော့လေ ကလေးရဲ့ လူတိုင်းက အရင်အတိုင်း ဖြစ်မယ်လို့မှ အာမမခံနိုင်တာ"
"ဒါပေမယ့် မဖြစ်ဘူးလို့လဲ အာမမခံနိုင်ဘူးလေ"

Jimin စကားကြောင့် Jungkook သက်ပြင်းချရင်း Jimin ခေါင်းလေး ပုတ်ပေးလိုက်သည်။

"ဘယ်သူ ပြောင်းလဲလဲ မပြောင်းလဲလဲ ကိုယ်တို့ အတူရှိနေရဖို့ အရေးကြီးတာမို့ ကလေးလည်း တအားစိတ်မပူနဲ့ နော်"
"Jungkook ကျွန်တော် ဝေးရမှာမကြောက်ဘူး ဒါပေမယ့် ဝေးပြီးရင် ပြန်မနီးစပ်နိုင်မှာ ကြောက်တယ်"

Jungkook လည်း Jimin ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နှစ်သိမ့်ပေးနေလိုက်သည်။

"ကလေးဒီနေ့ အတန်းနားရင် နားလိုက်လေ နော်"
"Jungkook ကရော Jungkook နားရင် ကျွန်တော်လည်း တူတူနားမယ်"

Jimin စကားကို Jungkook က ရယ်ရင်း

"ကိုယ်က ဆရာလေ ကလေးရဲ့ ဘယ်လွယ်လွယ် နားလို့ရမလဲ"
"Jungkook"
"ဗျ"
"တကယ်လို့ ကျွန်တော့်ကို ထိခိုက်စရာ တခုခု ကြုံလာရင်တောင် အရင်ကလို မိုက်ရူးရဲဆန်ဆန် မလုပ်ဘူးလို့ ကတိပေးနိုင်မလား"

မျက်လုံးဝိုင်းလေးနဲ့ တောင်းဆိုလာတဲ့ Jimin ကို ငေးရင်း Jungkook စိတ်မကောင်း ဖြစ်မိသည်။ ဒီကလေးလေး သူကြောင့် တခုခု ဖြစ်မှာ ကြောက်နေတုန်း...။ Jimin နဖူးလေးကို အနမ်းလေးပေးရင်း

"ကတိပေးပါတယ်"

Jungkook လည်း Jimin ကို အတန်းရှေ့ထိ လိုက်ပို့ပြီး ကိုယ့်နားနေဆောင် ကိုယ် ပြန်နေလိုက်သည်။ လူသူပြတ်တဲ့ အဆောင်နောက်လမ်းမှာ အသံတိုးတိုး ကြားလိုက်ရသည်။

"ဒီကိစ္စ လျှို့ဝှက်ထားရမယ်နော် အချစ်လေး တယောက်ယောက်သိသွားရင် မင်းကို စာမေးပွဲကျအောင် လုပ်လိုက်လို့ရတယ်"

My Little ServantWhere stories live. Discover now