Part-24

9.1K 954 42
                                    

Unicode;

"Jungkook"
"ဗျ"
"ခုနာ အိမ်မှာတုန်းက Hoseok Hyung ကို ကျွန်တော့်နဲ့ လက်ထပ်ချင်တယ်ဆိုတာ တကယ်ပြောတာလား"

Jimin အမေးကို ကားမောင်းနေတဲ့ Jungkook က ချက်ခြင်းမဖြေပဲ ပြုံးနေရင်း

"ကိုယ်ပုံစံက စနေတဲ့ ပုံစံဖြစ်လို့လား"

Jungkook အမေးကို Jimin က ခေါင်းပဲညိမ့်ပြလိုက်သည်။ Jungkook က ဘာမှဆက်မဖြေပဲ ပြုံးပဲပြုံးနေသည်။ Jimin လည်း ဘာမှမဖြေတဲ့ Jungkook ကို ကြည့်ရင်း စိတ်မရှည်တာနဲ့

"ဖြေလေ မေးနေတာကို"
"ကလေးက စနေတယ် လို့ပဲ ထင်တာမလား"
"အင်း"
"အဲ့ဒါကိုများ မေးနေသေးတယ်"

ပြုံးနေရင်း ပြောတဲ့ Jungkook စကားက ပြုံးနေပေမယ့် စိတ်ဆိုးသယောင်တော့ ဖြစ်နေသည်။ Jimin လည်း ကိုယ်မှားတာ သိတာမို့ အသံလေး ပျော့ရင်း

"Jungkook ကလည်း ကျွန်တော် စတယ်လို့ ထင်တယ်ဆိုတာ စတာပါ ဟီး"

အနားကပ်ချွဲနေတဲ့ Jimin ကြောင့် Jungkook မျက်နှာပေါ်က အပြုံးတွေ မရပ်တန့်နိုင်။ Jimin ဆံပင်လေး လှမ်းဖွရင်း

"ငြိမ်ငြိမ်နေကလေးရေ ကိုယ်ကားမောင်းနေတယ်"
"အာ့ဆို ဖြေလေ Jungkook ကျွန်တော့်ကို လက်ထပ်ချင်တယ်ဆိုတာ တကယ်လားလို့"
"ကဲ တကယ်ပေါ့ဗျ ကျုပ်က အဲ့လိုကိစ္စမျိုးကို စရအောင် ခင်ဗျားလို အသက်က မငယ်တော့ဘူးဗျ"

Jungkook စကားကြောင့် Jimin က ကားမောင်းနေတဲ့ Jungkook ကို သိုင်းဖက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် Jungkook ကျွန်တော့်ကို လက်ထပ်ချင်လို့"

Jungkook က Jimin ခေါင်းလေး တချက် ငုံနမ်းလိုက်ပြီး

"ကလေးကရော ကိုယ်နဲ့ လက်ထပ်ချင်ရဲ့လား"
"မေးနေစရာ လိုသေးလို့လား ကျွန်တော်က Jungkook ကို အရမ်း အများကြီး အများကြီး ချစ်တာကို"

ရင်ခွင်ထဲ ခေါင်းလေး အတင်းတိုးရင်း ချွဲနေတဲ့ Jimin ကြောင့် Jungkook ရယ်မိသည်။

"ကလေးရေ ကိုယ်ကားမောင်းနေတယ်လေ တခုခုဖြစ်သွားရင် ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်မယ် ငြိမ်ငြိမ်နေ"
"ဟုတ်ကဲ့ပါဗျ"

My Little ServantWhere stories live. Discover now