Part-17

7.9K 994 71
                                    

Unicode;

"အဲ့ဒါ Destiny မဟုတ်ဘူးလား Destiny"

Namjoon စကားကြောင့် Jungkook အလိုလို ပြုံးမိသည်။ Jimin နဲ့ တွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို Jungkook ကျောင်းက ပြန်လာတာနဲ့ Jin ရဲ့ ကော်ဖီဆိုင်မှာ ဝင်ပြောပြနေခြင်းဖြစ်သည်။ Jin က

"ဘယ်လိုခံစားရလဲ ငယ်လေး"
"ဘာကိုလဲ"
"အိမ်မက်ထဲမှာပဲ မြင်ဖူးတဲ့သူကို အပြင်မှာ မြင်ဖူးတော့"
"အိမ်မက်ကြောင့် မဟုတ်ဘူး ဆိုရင်တောင် ကျွန်တော် သူ့ကို ချစ်မိမယ် ထင်တယ်"
"အမယ် အမယ် အချစ်တွေ ပါလာပြီ"

Jin စကားကြောင့် Jungkook အသံထွက်ရယ်မိသည်။ ကျောင်းတက်ကတည်းက ပေါင်းလာတဲ့ အကိုတွေမို့ သူ့အကြောင်း အကုန်သိပြီးသားဖြစ်သည်။ ဟိုးအရင် ကတည်းက အချစ်ရေး စိတ်မဝင်စားပဲ အိမ်မက်အကြောင်းပဲ နောက်ကြောင်းလိုက်နေမိခဲ့တာမို့ ဖြစ်ကောင်းဖြစ်လိမ့်မည်။ Namjoon က

"အခု ဘာဆက်လုပ်မလဲ သူ့ကို"
"ဘာဆက်လုပ်ရမှာလဲ အရင်ကတည်းက ကျွန်တော့် အပိုင်မို့ ပြန်ပိုင်နိုင်အောင် ကြိုးစားရမှာပေါ့"
"အရင်ခေတ်ကလိုတော့ ဝယ်လို့မရတော့ဘူးနော်"
"ဟား ဟား ဘယ်သူပြောလဲ ဝယ်လို့မရဘူးလို့"
"Ya Jeon Jungkook မင်းနော် မဟုတ်တာတော့ မလုပ်နဲ့"

Jin စကားကို Jungkook က ပြုံးလိုက်ရင်း

"ဟုတ်တာပဲ လုပ်မှာပါ"

..........။ ............။ .............။

"အား ရှက်လတ်တာ ရှက်လတ်တာ Jungkook ကားမှ ဖြစ်နေရတယ်လို့"
"ငါတို့လည်း မင်း မြို့စားမင်းကြီး ဖြစ်နေလိမ့်မယ်လို့ သိမှ မသိတာ"
"ကားထဲကနေ ဘယ်လောက်ကြိတ်ဟားနေလိုက်မလဲ မသိ တွေးပြီး ရှက်လိုက်တာ ဟင့်"
"ကဲ ကလေးတွေ ငါ့ပန်းဆိုင်လာပြီး တရယ်ရယ် တငိုငို လုပ်မနေကြနဲ့ လာဘ်ပိတ်တယ် ဆက်ငိုနေမှာဆို သွားကြတော့"

Hoseok စကားကြောင့် Taehyung က Jimin လက်မောင်းကို တချက်ရိုက်လိုက်ပြီး

"မငိုနဲ့တော့ Hoseok Hyung စိတ်ညစ်နေပြီ"
"Ya ဒါ ငါ့အကိုဆိုင်လေ ငါ့အကိုဆိုင်ဆိုတော့ ငါ့ဆိုင်လေ ငါငိုချင် ငိုမှာပေါ့ မင်းသာ ကိုယ့်အိမ်ကိုယ်ပြန်"
"Jimin နော် သူငယ်ချင်းကို ဘယ်လိုဆက်ဆံနေတာလဲ"
"ဟုတ်တယ် Hoseok Hyung သူ့ကိုဆူ ဟင့် သူက ကျွန်တော့်ကိုဆို အမြဲ အနိုင်ကျင့်တယ်"

My Little ServantWo Geschichten leben. Entdecke jetzt