Part-5

9.3K 1.1K 76
                                    

Unicode;

"အမေ ဘာလို့ Jimin ကို ရောင်းလိုက်တာလဲ Jimin က ပစ္စည်းလား အရာဝတ္ထုလား"
"မင်းက ဘာလို့ ဒီလောက်ဂရုစိုက်နေတာလဲ"
"Jimin အပေါ် အပြစ်ရှိတယ်လို့ မခံစားရဘူးလား"
"အစေခံကို မလိုအပ်တော့လို့ ရောင်းတာ ဘာ အပြစ်ရှိစရာ လိုလဲ"

Yoongi လည်း ခြေစောင့်ပြီး သခင်မ Yang အခန်းထဲက ထွက်လာခဲ့သည်။ သေရည်ဂိုဒေါင်နား Jimin နေတဲ့ အခန်းကျဉ်းလေးနား သွားချောင်းကြည့်မိသည်။ အန်တီ Soo နဲ့ HooRu တို့ သားအမိကတော့ Jimin ဘေးနား ငိုနေကြသည်။ Jimin က

"မငိုပါနဲ့ အိမ်က နှင်ချခံရတာမှ မဟုတ်တာ တခြားအိမ်သွားရတာကို ပြီးတော့ လာလည်လို့ ရတာပဲ ခဏ ခဏ လာလည်မယ်လေ"
"တမလွန်က မင်းမိဘတွေသိရင် ငါ့ကို ဘယ်လောက် အပြစ်တင်လိုက်မလဲ မင်းကို အစေခံဖြစ်စေခဲ့တာတောင် လွန်နေပါပီ အခု ရောင်းစားတောင် ခံရတယ်ဆိုတော့"

ပြောရင်း မျက်ရည် တစိမ့်စိမ့်ကျလာတဲ့ အန်တီ Soo ရဲ့ လက်ကို Jimin ကိုင်လိုက်ရင်း

"ရောင်းခံရတယ်ဆိုတာ ဝယ်သူရှိလို့လေ ကျွန်တော်လို ဘာမှမဟုတ်တဲ့ အစေခံကို ဝယ်မယ့်သူရှိတာ ဘယ်လောက်ကောင်းလိုက်လဲ ကျွန်တော်ဘာမှမဖြစ်လို့ မငိုပါနဲ့"

Jimin တို့ကို ငေးရင်း Yoongi စိတ်မကောင်း ဖြစ်မိသည်။ သူ့အမေ သခင်မ Yang ကိုပဲ အပြစ်တင်မိသည်။ ငယ်ကတည်းက ဒီအိမ်မှာ ကြီးပြင်းလာတဲ့ ကလေးကို ရောင်းစရာလား..။

"Park Jimin ကို ခေါ်ဆောင်ဖို့ စေလွှတ်လိုက်လို့ပါ"

ဆောင်ကြာမြိုင် ဝန်းရှေ့ ဝေါယာဉ်နဲ့အတူ ကိုယ်ရံတော် တပ်သား ၈ ဦးလောက်ရောက်လာတာကြောင့် ဆောင်ကြာမြိုင်ထဲက လူတွေ အကုန် ရုတ်ရုတ်သဲသဲနှင့် အံ့ဩကုန်ကြသည်။ အပျော်မယ်တချို့လည်း တီးတိုး အတင်းပြောကြသည်။

"ရောင်းစားခံလိုက်ရတာတဲ့လေ ဝယ်တဲ့သူကို အံ့ဩပါရဲ့"
"ဝယ်လိုက်တဲ့သူက သူဌေးနေမှာ ဝေါယာဉ်တောင် လွှတ်လိုက်တယ်ဆိုတော့"
"ဘာအထင်ကြီးစရာရှိလဲ သူဌေးဆိုရင်တောင် တိတ်တိတ်ပုန်းလင် အနေနဲ့ပဲ ဆက်ဆံခံရမှာ မြင်ယောင်သေး"
"တော်ကြတော့ မင်းတို့က Jimin အကြောင်းသိလို့လား"

My Little ServantWhere stories live. Discover now