Part-23

8.1K 966 50
                                    

Unicode;

"အီး ဟီး ဟီး Kim Taehyung လူယုတ်မာလေး"

စောစောစီးစီး Hoseok ရဲ့ ငိုသံကြားလိုက်ရတာကြောင့် တဖက်အခန်းက Jimin နိူးသွားသည်။ ကျစ်... ဘာတွေလဲကွာ စောစောစီးစီး..။

"Hyung ကလည်း ကျွန်တော်က ချစ်လို့ကို"
"ချစ်ရင်လည်း ချစ်တယ် အရင်ပြောပါ့လား လူယုတ်မာလေးရဲ့ အီး ဟီး ငါ့လူပျိုဘဝလေး သွားပြီ"
"Hyung ကလည်း တိုးတိုးငိုပါ Jimin ကြားသွားရင် မကောင်းဘူးလေ"

Taehyung စကားကြောင့် Hoseok က Taehyung ကျောပြင်ကို တဖုန်းဖုန်းထုရင်း

"နင်လုပ်ချင်တာ လုပ်ပြီးမှ လူသိမှာ ကြောက်နေရသလား လူယုတ်မာလေးရဲ့"
"အာ Hyung ကလည်း အဲ့လို သဘောမဟုတ်ပါဘူး Hyung ရှက်ရမှာ စိုးလို့ပါ ကျွန်တော်က Hyung ကို ကျွန်တော်ပိုင်တာ သူများသိရင် ပိုလို့တောင် ကြိုက်သေး Jimin ကျတော့ ကျွန်တော့် သူငယ်ချင်းပေမယ့် Hyung ညီဆိုတော့ Hyung ရှက်ရမှာ စိုးလို့ပါ"
"Jimin မရှိလောက်ဘူး မနက်တိုင်း အချိန်ပိုင်းအလုပ်က အစောကြီး ထထ သွားရတာ"

Hoseok စကားကြောင့် Taehyung မျက်လုံးတို့ အရောင်လက်ကာ

"တကယ်လား အဲ့ဒါဆို နောက်တခေါက်လောက် Hyung"

မျက်နှာနား တဖြေးဖြေး ကပ်လာတဲ့ Taehyung ကြောင့် Hoseok ရင်ခုန်သံတွေ မြန်လာတော့သည်။ Taehyung ကို မျက်နှာလွဲရင်း

"Kim Taehyung ဘာဖြစ်နေတာလဲ"
"မဟုတ်လည်း ကျွန်တော်တို့ နှစ်ယောက်ထဲကို ဘယ်သူမှမရှိ"
"ငါ ရှိတယ် ဘယ်မှမသွားဘူး နှစ်ယောက်စလုံး လုပ်လက်စကို ရပ်ပြီး ဧည့်ခန်းထဲ ထွက်ခဲ့"

Taehyung စကားမဆုံးခင် အော်ပြောလိုက်တဲ့ တဖက်အခန်းက Jimin အော်သံကြောင့် Taehyung နဲ့ Hoseok တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တံတွေးမျိုချမိသည်။ နှစ်ယောက်စလုံး အင်္ကျီကောက်ဝတ်ကာ ခပ်မြန်မြန် ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲ ဆိုဖာပေါ် ညဝတ်ဘောင်းဘီ အပွကြီးနဲ့ သူ့နှစ်ကိုယ်စာလောက် Hoodie ကြီး ဝတ်ထားပြီး မိန့်မိန့်ကြီး ထိုင်နေတဲ့ Jimin ကြောင့် Hoseok က

"Jimin na ဘယ်က over size တွေ ကောက်ဝတ် ထားတာလဲ"

Hoseok အမေးကို Jimin က မဖြေပဲ Taehyung ကို လက်ညိုးထိုးရင်း

My Little ServantWhere stories live. Discover now