Part-3

9K 1.1K 57
                                    

Unicode;

"မြို့စားမင်းကြီး Kim သခင်လေး နှစ်ယောက် ရောက်နေပါတယ်"
"ဝင်ခိုင်းလိုက်"

Jungkook ဆီက ခွင့်ပြုသံ ကြားတာနဲ့ Namjoon နဲ့ Taehyung လည်း Jungkook အခန်းထဲ ဝင်လာလိုက်သည်။ ပုံမှန်လိုဆို ဝင်ဝင် ထွက်ထွက် ပြသနာမရှိပေမယ့် ဒီနေ့ကစပြီး Jungkook က တရားဝင် မြို့စားမင်း ဖြစ်သွားပြီဆိုတော့ နည်းနည်းတော့ စည်းကမ်းလိုက်နာရတာပေါ့...။

"Hyung တို့ကလည်း ကြာလိုက်တာဗျာ ဂန္ဓမာ ဆောင်ကြာမြိုင်သွားမလို့ မသွားခင် သိချင်လို့ စောင့်နေတာ"
"အမြန်ပြန်လာတာပဲ အဲ့ကောင်လေးက ဘယ်သူလဲ သိလား"

Taehyung အမေးကြောင့် Jungkook မျက်နှာတချက် ရွဲ့ပြီး

"ဪ မသိလို့ မင်းကို စုံစမ်းခိုင်းတာပေါ့"
"မင်းကလည်း စကားပုလ္လင်ခံတာပေါ့ကွ"
"မခံနဲ့ ပြောစရာရှိတာပြော"
"အဲ့ကောင်လေး နာမည်က Yoongi ရှေ့က မျိုးရိုးနာမည်တော့ မရှိဘူး ဒါပေမယ့် ဂန္ဓမာ ဆောင်ကြာမြိုင်က Yang သခင်မ ရဲ့ သားတဲ့"
"ဝိုး လေးစားသွားပီ အဲ့ဘွားတော် တော်တော် ထိန်းသိမ်းနိုင်တာပဲ လူတိုင်းက သူ့ကို အပျိုကြီးပဲထင်နေကြတာ"
"အဲ့ကောင်လေးရဲ့ ချစ်သူက သာမန်ကုန်သည် သူဌေးအိမ်က ကောင်လေးပါ ဘာပြသနာမှတော့ မရှိဘူး ပြီးတော့ မင်းရဲ့ ချစ်စရာ ကောင်လေး အကြောင်းပါ စုံစမ်းခဲ့တယ်"
"အလိုက်သိလိုက်တာ ဆိုပါဦး"
"နာမည်က Park Jimin အဖေက အစေခံမျိုးရိုးထဲကပဲ အမေက သူဌေးမျိုးရိုး အဖေက သူလသားအရွယ်ကတည်းက ဆုံးသွားပြီး အမေက သူ ၄ နှစ်သား အရွယ်မှာ ဆုံးသွားတော့ အမေ့မျိုးရိုးဘက်က အစေခံနဲ့ ရတဲ့ကလေးမို့ လက်မခံကြတာနဲ့ အဖေရဲ့ ညီမက ခေါ်မွေးစားထားတာ ၁၀ နှစ်အရွယ်မှာ အဒေါ်ဖြစ်သူနဲ့ အတူ ဆောင်ကြာမြိုင်ကို ရောက်လာတာ သူချက်တဲ့ ဆန်အရက်က အရသာကောင်းတယ်တဲ့ အထက်တန်းစားတွေကိုပဲ ရောင်းပေးတာတဲ့ ပြီးတော့ လူပျို"
"အင်း အမေက သူဌေးမျိုးကိုး.... ဒါကြောင့် ထင်တော့ထင်တယ် သူ့မျက်နှာလေးက အစေခံနဲ့ မတူအောင် နုဖတ်လွန်းတယ်"
"မင်းကောင်လေးက အဲ့ Yoongi ဆိုတဲ့ ကောင်လေးကို တဖက်သတ်ကြိုက်နေတာ ဟိုက သိတောင်မသိဘူး ထင်ပါ့"
"မသိလေ ကောင်းလေ ခုပဲ သခင်မကြီး Yang ဆီသွားကြတာပေါ့"

My Little ServantOpowieści tętniące życiem. Odkryj je teraz