Part-28

6.7K 880 42
                                    

Unicode;

"ကျောင်းသား Park Jimin"

စာသင်နေရင်း Yoo Hyung က ရုတ်တရပ် နာမည်ခေါ်လိုက်တာကြောင့် Jimin လန့်သွားသည်။

"ဗျာ"
"အတန်းပြီးရင် ငါ့ရုံးခန်းကို လာခဲ့"

မနေ့က Jungkook ပြောထားတဲ့ စကားတွေကြောင့် စိတ်ထဲ လန့်နေမိတာတော့ အမှန်။ ဟင့်အင်း Jimin အရင်ကလို ကြောက်နေရင် ပိုခြောက်ခံရလိမ့်မယ်.. ။ ဒီဘဝတော့ ထပ်မဖြစ်စေရဘူး..။ Jimin လည်း သတ္တိမွေးကာ

"ကျွန်တော်က ဘာမှားလို့ လာခဲ့ရမှာလဲ ဆရာ"

ခန္ဓာကိုယ် သေးသေးလေးနဲ့ သူ့ကိုတွေ့ရင် အမြဲခေါင်းငုံပြီး ကတုန်ကယင် ဖြစ်နေတဲ့ Jimin က မထင်မှတ်ပဲ ပြန်မေးတာမို့ Yoo Hyung ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။ Jeon Jungkook လိုပဲ ဒီအသေးလေးကိုလည်း လျော့တွက်လို့ မရဘူးပဲ...။ Yoo Hyung လည်း ဟန်မပျက်အောင်နေရင်း

"Weekly Tutorial တုန်းက အင်္ဂလိပ်စာ အမှတ်တွေ နည်းနေလို့"

တကယ်တော့ Jimin အမှတ်က အင်္ဂလိပ်စာ ဆရာ Jeon ပြောင်းသွားကတည်းက Crush မို့ အရှက်ကွဲမှာစိုးလို့ ကြိုးစားလုပ်ရင်း တက်လာတာပါ။ ဒါတမင် သက်သက်ညစ်တာ လို့ Jimin တွေးလိုက်ရင်း

"အာ... အဲ့ဒါလား ဆရာ Jeon နဲ့တုန်းက တက်လာတာပါ ဒီတခါမှ ဘာလို့ပါလိမ့်"

Jimin စကားကြောင့် အတန်းထဲက ကျောင်းသူ ကျောင်းသားတွေအကုန်လုံး တီးတိုးပြောကုန်ကြသည်။

"အေးလေ Park Jimin က အရင်ကထက်စာရင် တက်လာတာပါ"
"ဘာလို့ပါလိမ့်"
"ဆရာအသစ်က မသိလို့နေမှာပေါ့"

Yoo Hyung မျက်နှာ သိသိသာသာ ပျက်သွားတာကြောင့် Jimin စိတ်ထဲ ကြိတ်ပျော်မိသည်။ (ငါ့ဘဲကို ထိရင် ငါနဲ့ ညိတာပဲ ဆိုတဲ့ အထာနဲ့ ပက်ကျိမင်းလေးကို မြင်ယောင်ပါ 🤣) ။ Yoo Hyung က ဒီအခြေအနေကို ရပ်ရန်

"တက်လာပေမယ့် ဆရာ စိတ်တိုင်း မကျသေးလို့ မှာစရာလေး ရှိလို့ လာခဲ့ ဒါပဲ"

Yoo Hyung အတန်းထဲက ထွက်သွားမှာ Jimin စိတ်ကို ဖြေလျော့လိုက်မိသည်။ Yoo Hyung မျက်နှာကို မြင်လိုက်တိုင်း အိမ်မက်ထဲက သွေးအိုင်ထဲ လှဲကျသွားတဲ့ Jungkook မျက်နှာ ပြန်ပြန်ပေါ်လာသည်မို့ ကြောက်နေမိသည်။ Taehyung က

My Little ServantWhere stories live. Discover now