Part-20

7.8K 994 58
                                    

Unicode;

"Ya Park Jimin ဆရာမက ကြည့်နေပြီ သတိထားဦး"

Taehyung အသံကြားမှ Jimin အသိဝင်လာတော့သည်။ မထစဖူး ၅ နာရီ ထလို့လားမသိ မျက်လုံး ဘယ်လောက်ပြူးပြူး မျက်ခွံ့တွေ လေးလံနေလေသည်။ တောင့်ခံလို့ မရတဲ့အဆုံး Jimin လက်နက်ချ အရှုံးပေးလိုက်ရတော့သည်။ အိမ်မက်ကမ္ဘာထဲ ရှေးဝတ်စုံနဲ့ သွေးအိုင်ထဲ လဲနေတဲ့ Jungkook ဘေးနား အာခေါင်ခြစ်အောင်နေတဲ့ သူ့ပုံရိပ်သူ မြင်ယောင်နေသည်။ ကျွန်တော့်ကြောင့်ပါ...။ ကျွန်တော့်ကြောင့် Jungkook သေရတာ..။ ကျွန်တော်သာ Hoseok Hyung တို့ပြောသလို စံအိမ်မှာ နေခဲ့မယ်ဆိုရင် Jungkook လွှတ်လာဦးမှာ..။ နှစ်တိုင်း ချယ်ရီပန်းတွေ အတူကြည့်ဖို့ ကတိတွေ တည်နိုင်ခဲ့ဦးမှာ..။ ကျွန်တော့်ကြောင့်...။ မျက်လုံးတွေ မှိတ်မသွားပါနဲ့ ကျွန်တော် Jungkook ကို အရမ်းချစ်ရတဲ့အကြောင်းတွေ မပြောရသေးလို့...။ Jungkook...။ Jungkook.....။

"Jungkook"

အိပ်နေရင်း ယောင်ပြီးအော်လိုက်တဲ့ Jimin အသံကြောင့် အတန်းထဲကလူတွေအကုန်လုံးရဲ့ အကြည့်တွေက Jimin ဆီရောက်လာသည်။ စာသင်နေတဲ့ ဆရာမက ဖုန်းခိုးပြောနေတယ်ထင်ကာ

"ဖုန်းခိုးပြောမယ်ဆို အပြင်ထွက်"
"တောင်းပန်ပါတယ်"

Jimin လည်း အတန်းထဲက ထွက်လာပြီး Toilet ထဲ ထိုင်ငိုနေမိသည်။ အိမ်မက်မှန်း သိနေတာတောင် တကယ်ဖြစ်နေသလို သေလောက်အောင် နာကျင်စေသည်။ အမြဲမက်နေတဲ့ အိမ်မက်ပေမယ့် နိူးလာတိုင်း မျက်ရည်ကျရစမြဲ..။ ငိုလို့ဝသွားမှ Toilet ထဲက ထွက်လာလိုက်သည်။ Taehyung ကို နောက်အတန်းတွေ မတက်တော့ဘူးဆိုတာ message လှမ်းပို့လိုက်ပြီး Yeouido ပန်းခြံဘက်ကို ဘတ်စကားစီးသွားရန် ထွက်လာခဲ့လိုက်သည်။ မှတ်တိုင်သို့သွားရန် ကျောင်းဝန်းထဲ လမ်းလျှောက်နေရင်း

"ရပ်လိုက်စမ်း ကျပုကောင်"

ရိုင်းရိုင်းစိုင်းစိုင်း ခေါ်လိုက်တာမို့ ဆက်ဆက်ထိမခံတတ်တဲ့ Jimin တစ်ယောက် ဒေါသထွက်သွားသည်။ လှည့်ကြည့်လိုက်တော့ ကျောင်းသူ ၄ ယောက် သူ့ဆီ လျှောက်လာသည်။ အိမ်မက်ထဲမှာ မြင်ဖူးတဲ့ Jeon အိမ်တော် မီးဖိုဆောင်က အစေခံတွေနဲ့တော့ ရုပ်ဆင်သည်။ ထိုထဲက ခပ်ပိန်ပိန်နဲ့ ပဲများတဲ့ တစ်ယောက်က

My Little ServantDonde viven las historias. Descúbrelo ahora