Part- 11

7.8K 1K 52
                                    

Unicode;

"ဟင် Yoongi ?"

Jimin လည်း ထိုင်နေရာမှ ချက်ခြင်းထက အိမ်တော်ရှေ့ အပြေးသွားမိသည်။ အိမ်တော်ရှေ့ရောက်တော့ မတွေ့တာကြာပြီ ဖြစ်တဲ့ Yoongi က ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ စီးကြိုနေလေသည်။

"Yoongi ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"ဒီတိုင်း မင်းကို တွေ့ချင်လို့"
"လာ အိမ်ထဲမှာထိုင် အေးဆေး စကားပြောရအောင်"

Jimin လည်း Yoongi ကို အိမ်တော်ထဲ ခေါ်ခဲ့လိုက်သည်။ အိမ်တော်ထဲ ထိုင်ခိုင်းလိုက်ပြီး

"Ji Yeon na Yoongi အတွက် လက်ဖက်ရည်ကြမ်းလေး ယူခဲ့ပေးပါဦး"
"ဟုတ်ကဲ့ ပါ သခင်လေး"

ခါးလေးကိုင်းပြီး ထွက်သွားတဲ့ Ji Yeon ကို ငေးရင်း Yoongi စိတ်ထဲ သဘောမကျမိ။ Jimin သခင်လေးတစ်ယောက်လို နေနေရတာကို သဘောကျပေမယ့် မြို့စားမင်းကြောင့် Jimin ကို သခင်လေး မဖြစ်စေချင်။

"Wuri Jimin တောင် သခင်လေး ဖြစ်နေပြီပဲ"
"ဟီး မြို့စားမင်းကြီးရဲ့ ကျေးဇူးကြောင့်ပါ"

အရင်က Wuri လို့သုံးရင် ပြုံးရွှင်ပြီး သဘောကျတတ်တဲ့ Jimin က အခု ပုံမှန်လိုနေနေတာ ကို Yoongi စိတ်မကောင်းဖြစ်မိသည်။ ဘာမှမဖြစ်သလို ပြုံးလိုက်ရင်း

"နေရတာ အဆင်ပြေရဲ့လား မဟုတ်ဘူး မင်း ပုံစံကြည့်တာနဲ့ သိပါတယ် နေရတာ အဆင်ပြေတယ်ဆိုတာ"
"အင်း အဆင်ပြေပါတယ် အစားကောင်းတွေလည်း စားရတယ် ပိုးထည်တွေလည်း ဝတ်ရတယ် အိပ်ရေးဝဝ အိပ်ရတယ် Jungkook ကလည်း ဘာမှ ပင်ပန်းတာ မလုပ်ခိုင်းဘူး"

သဘောကျပြီး ပျော်ပျော်ရွှင်ရွှင် ဖြေနေတဲ့ Jimin ကို ငေးရင်း Yoongi ဝမ်းနည်း သိမ်ငယ် မိသလို ခံစားရသည်။

"အာ ပြီးတော့ ငါ အခု စာသင်နေတာ တော်တော်လေး ရေးတတ်နေပြီ သိလား"

Jimin ပြောပြသမျှကို Yoongi ပြုံးပြုံးလေးနဲ့ပဲ ငြိမ်ပြီး နားထောင်နေလိုက်သည်။ တဖက်က Jimin ကို သူများလက်ထဲ ထည့်ပေးလိုက်ရလို့ နှမြောသလို တဖက်ကလည်း ကိုယ်သာဆို Jimin ကို ဒီလိုထားနိုင်မှာ မဟုတ်ဘူးဆိုပြီးတော့လည်း ပြန်မခေါ်ချင်မိ။ ပြန်ခေါ်သင့်လား မခေါ်သင့်လား စိတ်ထဲ ကြိတ်တွေးနေမိသည်။ ........။
Ji Yeon တစ်ယောက် မီးဖိုဆောင်ထဲ လက်ဖက်ရည်ကြမ်းယူပြီး ပြန်အလာ ရုံးတော် ဘက်က ကူးလာတဲ့ Jungkook ကို တွေ့လေသည်။

My Little ServantDonde viven las historias. Descúbrelo ahora