Part -30 (The End)

13.9K 1K 107
                                    

Unicode;

"Jimin ဘယ်လိုဖြစ်တာလဲ"

အရေးပေါ်ခန်းအရှေ့ မျက်ရည်တွေနဲ့ထိုင်နေတဲ့ Jimin ဆီကို Hoseok, Taehyung နဲ့ Jin တို့ အပြေးရောက်လာကြသည်။

"Jungkook ပြန်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ"
"Jimin လေးရယ် အဲ့လိုတွေ မတွေးပါနဲ့ အဆင်ပြေသွားမှာပါ"

Jin ကို Jimin ကို ဖက်ထားရင်း အားပေးစကားပြောပေးသည်။ Taehyung က

"ဘယ်လိုဖြစ်ကြတာလဲ ပြောဦး"
"ဆရာ Yoo"

မျက်ရည်တို့ အဆက်မပြတ်ကျဆင်းကာ ကတုန်ကယင်နဲ့ ပြောနေတဲ့ Jimin ကို ကြည့်ရင်း Taehyung အားမရတော့

"ဘာလဲ ဆရာ Yoo က ဆရာ Jeon ကို လုပ်တာလား ဘယ်လိုလဲ"
"ကားနဲ့"
"ကားနဲ့ တိုက်တာလား အခုရော"

Jimin ကခေါင်းခါရင်း

"မတွေ့တော့ဘူး"

ပိုငိုသွားတဲ့ Jimin ကြောင့် Hoseok လည်း

"မမေးနဲ့ တော့ Taehyung Jungkook သတိရလာမှ ဆက်စဉ်းစားကြတာပေါ့ Jimin လည်း မငိုနဲ့တော့ Jungkook အဆင်ပြေမှာပါ"

အရေးပေါ်အခန်းထဲက ဆရာဝန်ထွက်လာတာနဲ့ Jimin လည်း ဆရာဝန်ဆီ ပြေးပြီး

"ဆရာ Jungkook ရော Jungkook အဆင်ပြေရဲ့လား"
"အချိန်မှီရောက်လာလို့ပေါ့ဗျာ မဟုတ်ရင် သွေးထွက်လွန်နေလောက်ပြီ အသက်ကို ကယ်နိုင်ပေမယ့် နိူးလာတာကိုတော့ စောင့်ကြည့်ရမှာပေါ့ တချို့ကတော့ ဒီလို အခြေအနေမှာ ဦးနှောက်သေသွားတာမျိုးတွေ ဖြစ်တတ်ကြတယ် အခုတော့ မနိူးသေးတာကြောင့် သူနိူးလာတာကို စောင့်ရင်းပဲ နိူးလာမှ ဦးနှောက်ကို တချက် ဓါတ်မှန် ပြန်ရိုက်ရမယ်"

ဆရာဝန် ထွက်သွားတာနဲ့ Jimin က ရှိုက်ကြီးတငင် စငိုတော့သည်။

"ကျွန်တော့်ကြောင့်ပါ အမြဲတမ်း ကျွန်တော့်ကြောင့် ဖြစ်ရတာ ကျွန်တော်သာ Jungkook ကို စောင့်ပြီး တူတူပြန်ခဲ့ရင်"
"မငိုပါနဲ့တော့ Jimin လေးရယ် Jungkook အချိန်မှီနိုင်တာလည်း Jimin ကြောင့်ပဲလေ အဲ့လိုမတွေးပါနဲ့"
"အင်းလေ အချိန်မှီနိုင်တာပဲ ကံကောင်းတယ် တွေးကြရအောင်ပါ"

Jin နဲ့ Hoseok လည်း Jimin ကို နှစ်သိမ့်နေလိုက်သည်။ Taehyung လည်း ဘေးကနေ ရပ်ကြည့်နေရင်း စိတ်မကောင်း။ မေ့မျောနေတဲ့ Jungkook ခန္ဓာကိုယ်ကို အရေးပေါ် အခန်းကနေ သီးသန့်အခန်းထဲပြောင်းလိုက်ပြီးတာနဲ့ Jimin လည်း Jungkook ကုတင်နားထိုင်ပြီး မေ့မျောနေတဲ့ Jungkook ကို ငေးရင်း တစိမ့်စိမ့်ငိုနေတော့သည်။ သိပ်မကြာခင် Jungkook မိဘတို့လည်း ရောက်လာကြသည်။ Jimin က တော်တော်လေး ရှိုက်ကြီးတငင် ငိုပြီး ကတုန်ကယင် ဖြစ်နေတာကြောင့် Hoseok ကပဲ Jungkook မိဘတို့ကို စိတ်မပူစေဖို့ ပြောပြီး ပြန်လွှတ်လိုက်သည်။ ညနေစောင်းတာနဲ့ Jin လည်း

My Little ServantWhere stories live. Discover now