Part-29

7.1K 878 48
                                    

Unicode;

"ကလေးလေး ညနေမှ တွေ့မယ်နော် ကိုယ် အတန်းမရှိခင် ဒီဇိုင်နာဆီ ပြေးလိုက်ဦးမယ်"

ကျောင်းရှေ့ ကားပေါ်က ဆင်းခါနီး ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin ပြုံးမိသည်။ မင်္ဂလာဆောင်ဖို့ အတင်းကို နေ့ရောညပါ ကြိုးစားနေတဲ့ Jungkook ကိုကြည့်ရင်း Jimin စိတ်ထဲ ငါရွေးချယ်မှု မှန်တယ်ဆိုတဲ့ စိတ်နဲ့တင် ကြည်နူးမဆုံး။ Jungkook နှုတ်ခမ်းပါးလေးကို နမ်းလိုက်ပြီး

"ဖြေးဖြေးမောင်းဦးနော်"
"အချွဲလေး ကိုယ့်ကို လက်မထပ်ခင် ရူးအောင်လုပ်ဖို့ စိတ်ကူးထားတာလား"

Jungkook စကားကြောင့် Jimin က ရယ်လိုက်ပြီး ကားပေါ်ကဆင်းကာ

"ဖြေးဖြေးမောင်းနော် ညနေ အတန်းပြီးရင် ဖုန်းဆက်လိုက်မယ်"
"ချစ်တယ်နော် ကလေးလေး"

Jungkook တို့ စုံတွဲကို အဝေးက လှမ်းကြည့်နေတဲ့  Yoo Hyung ကတော့ မရယ်နိုင်။ အစစ အရာရာ ပြည့်စုံနေတဲ့ Jungkook က Yoo Hyung အတွက် မုန်းစရာ ကောင်းလွန်းလှသည်။ တစ်ယောက်ထဲ ကျောင်းထဲ လမ်းလျှောက်နေတဲ့ Jimin အနောက် ပြေးလိုက်ရင်း

"ကျောင်းသား Jimin တစ်ယောက်ထဲလား"

Yoo Hyung လိုက်လာတာ သိတာနဲ့ Jimin လည်း လှည့်မကြည့်ပဲ မကြားချင်ယောင် ဆောင်ပြီး ခပ်မြန်မြန် ပေးသွားသည်။ Yoo Hyung က Jimin ရှေ့ ပိတ်ရပ်ပြီး

"ကိုယ့်ဆရာ ခေါ်နေတာတောင် မကြားချင်ယောင်ဆောင်ပြေးသွားတာ မင်းမိဘတွေက မင်းကို ဒီလိုပဲ သင်ထားတာလား Park Jimin"

Yoo Hyung စကားကြောင့် Jimin ဒေါသထွက်သွားကာ

"ဟုတ်ပါတယ် ကျွန်တော့်မိဘတွေက သူစိမ်းခေါ်တိုင်း လှည့်မကြည့်ရဘူးလို့တော့ သင်ထားတာပဲ"
"ငါက မင်းဆရာလေ သူစိမ်းလား"
"ဆရာက ဆရာလိုနေမှ ဆရာလို ဆက်ဆံခံရမှာပေါ့"

Jimin ကတော့ ပြောပြီး ထွက်သွားပေမယ့် Yoo Hyung ကတော့ ဒေါသတွေထွက်ကာ ကျန်ခဲ့သည်။ Jimin လက်ကို ဆွဲကာ လူပြတ်တဲ့ ကျောင်းဆောင်တွေအနောက်ကို ဆွဲလာခဲ့သည်။

"ခင်ဗျား ဒါဘာလုပ်တာလဲ လူယုတ်မာကြီးရဲ့"

ဘာမှ ပြန်မဖြေပဲ ခက်ထန်နေတဲ့ Yoo Hyung ရဲ့ ပုံစံက ကြောက်စရာ ကောင်းလွန်းလှသည်။ Jimin လည်း လန့်ကာ ရုန်းမိလေသည်။ အားအင်ချင်း မမျှတာမို့ ပါသွားသည်။ လူတော်တော်ပြတ်တဲ့ ကျောင်းဆောင် အနောက်ရောက်တော့ Yoo Hyung က Jimin က အရှိန်နဲ့ ဆောင့်တွန်းလိုက်သည်။ မြေပြင်ပေါ် ပက်လက်လန်ကျသွားတဲ့ Jimin ကိုယ်ပေါ် ခွလျက်

My Little ServantWhere stories live. Discover now