Part-15

7.9K 996 67
                                    

Unicode;

ခရစ်နှစ် ၂၀၂၀ ခုနှစ်။ Seoul မြို့။

"တီ တီ တီ တီ.. တီ တီ တီ တီ"

နိူးစက်သံကြားမှ Jimin အိပ်ရာက နိူးလာခဲ့သည်။ ကျလာတဲ့ မျက်ရည်တို့ကို သုတ်လိုက်မိသည်။ ဒီလိုအိမ်မက်မျိုးကို သူငယ်ငယ်ကတည်း ချယ်ရီတွေ ပွင့်တဲ့ နွေဦးရောက်တိုင်း မက်လေ့ရှိသည်။ အိမ်မက်က အမြဲ အတူတူပဲ။ အိမ်မက်ပေမယ့်လည်း တကယ်ဖြစ်နေသလို ခံစားရတာကြောင့် ထိုအိမ်မက်မက်ပြီး နိုးလာတိုင်းလည်း အမြဲ မျက်ရည်ကျရစမြဲ။ ငယ်ငယ်ကတော့ သတိမထားမိပေမယ့် အရွယ်ရောက်လာတော့ အိမ်မက်ထဲက မြို့စားမင်းကို တွေ့ချင်မိသည်။ အဲ့လိုအိမ်မက်မျိုး မက်တိုင်း Yeouido ပန်းခြံထဲ သွားပြီး ချယ်ရီပန်းတွေ ထိုင်ကြည့်မိသည်။

"Park Jimin ကျောင်းသွားဖို့ မပြင်သေးဘူးလား"
"လာပြီ Hyung"

Hoseok Hyung အသံ ကြားမှ Jimin ရေထချိုးလိုက်သည်။ ကျောင်းသွားဖို့ပြင်ဆင်ပြီး မနက်စာစားရန် မီးဖိုခန်းထဲ ဝင်လိုက်တော့ မနက်စာပြင်နေတဲ့ Hoseok ကို ဘေးနားက ထမင်းစားပွဲဝိုင်းမှာ ထိုင်ပြီး ပြုံးပြုံးကြီး ကြည့်နေတဲ့ Taehyung ကြောင့် ရယ်ချင်မိသည်။

"Ya Kim Taehyung မင်း ငါ့အကိုကို flirt နေပြန်ပြီလား"
"ဟီး မဟုတ်ပါဘူး မင်းကို ကျောင်းသွားဖို့ လာခေါ်တာ"
"Jimin နော် Taehyung က မင်းကို ကျောင်းသွားဖို့ လာခေါ်တာကို ဘာလို့ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာလဲ"
"ကျွန်တော်က မဟုတ်တာပြောတာလား Hyung က အတင်းငြင်းနေတာလား ဆိုတာ Kim Taehyung မျက်နှာကြီး ကြည့်လိုက်ပါ့လား အသိသာကြီး"

Hoseok လည်း Jimin ခေါင်းခေါက်လိုက်ရင်း

"စားစရာရှိတာစားပြီး ကျောင်းသွားတော့"
"ဟွန့် မှန်တာပြောတော့ နာတယ်"
"Jimin na မင်းက ဘာလို့ မျက်လုံးတွေ မို့ဖောင်းနေတာလဲ ငိုထားပြန်ပြီလား မဟုတ်မှလွဲရော မင်း ဟိုအိမ်မက် မက်ပြန်ပြီလား"

Taehyung စကားကြောင့် Hoseok Jimin မျက်နှာ သတိထားကြည့်လိုက်မိသည်။ Jimin က ခေါင်းပဲ အသာ ငြိမ့်ပြလိုက်သည်။ ထိုအိမ်မက်အကြောင်း အကိုဖြစ်သူ Hoseok နဲ့ ငယ်ကတည်းက ပေါင်းလာတဲ့ Taehyung တို့လည်း သိသည်။ အရင်ကတည်းက Jimin ပြောပြထားလို့ဖြစ်သည်။ အစကတော့ စိတ်စွဲလို့ မက်တယ်ဆို စရင်းနောက်ရင်းပဲ။ နောက်ပိုင်း ခဏခဏ မက်လာတာရယ် အိမ်မက်မက်တဲ့ အချိန်တိုင်း နွေဦးရာသီ ချယ်ရီပန်းတွေ ပွင့်တဲ့အချိန် ဖြစ်တာမို့ ဘာလို့လဲဆိုပြီး တွေးမိကြသည်။ Hoseok ကတော့ စိတ်ထဲ စွဲမထားဖို့ အမြဲပြောပေမယ့် အိမ်မက်ထဲက မြို့စားမင်း Jeon Jungkook ကိုတော့ တွေ့ဖူးချင်မိသည်။ စာကြည့်တိုက်ထဲ သွားပြီး သမိုင်းကြောင်းတွေ လေ့လာခဲ့ပေမယ့် သာမန် မြို့စားမင်းဖြစ်တဲ့အပြင် ကာလလည်း မကြာခဲ့တာမို့ ထူးထူးခြားခြား ဖော်ပြခြင်းမရှိပေ။ Taehyung က

My Little ServantWhere stories live. Discover now