Part-18

7.8K 998 57
                                    

Unicode;

"So when your tears roll down your pillow like a river
I'll be there for you
I'll be there for you"

ဖုန်း Ringtone သံကြားမှ Jimin နိုးလာခဲ့သည်။ မျက်လုံးမဖွင့်ပဲ ကုတင်နားက စားပွဲပေါ် လှမ်းစမ်းလိုက်သည်။ စားပွဲကို မစမ်းမိပဲ လေဟာပြင် ဖြစ်နေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့မှ သူ မီးပူတိုက်ခဲ့တဲ့ Jungkook အခန်းမှန်း သိလိုက်သည်။

"အာ ဟုသား ငါ့ အခန်းမှ မဟုတ်တာ ငါ့စားပွဲက ဘယ်လိုလုပ်ရှိမှာလဲ"

ညဝတ်ဘောင်းဘီအိတ်ထဲက ဖုန်းကို နိူက်လိုက်တော့ 'H❤️bi Hyung' ဆိုတဲ့ contact name လေးကြောင့် Jimin နာရီလှမ်းကြည့်တော့ 9 နာရီတောင် ခွဲနေပြီ။ မြတ်စွာဘုရား.. ငါ ဘယ်လိုတောင် အိပ်ပျော်သွားတာလဲ..။ Hoseok နဲ့ Taehyung ခေါ်ထားတဲ့ Miss Call တွေလည်း အများကြီးမို့ Jimin မြန်မြန်ကိုင်လိုက်ရသည်။

"ဟဲလို"
"Park Jimin မင်းအခု ဘယ်မှာလဲ"
"ဟို အဲ့ဒါ ဟိုဟာ အချိန်ပိုင်း အလုပ်လုပ်နေတာ"

Hoseok အမေးကို Jimin လိမ်ပြောလိုက်သည်။ ဖုန်းထဲက Hoseok ကတော့ မကျေနပ်တဲ့ အသံဖြင့်

"အချိန်ပိုင်း အလုပ်လုပ်တာ ငါ့ကို ပြောဖို့ မေ့နေတာလား ဟုတ်လား ငါ့မှာတော့ မနက်စာစားဖို့ အခန်းထဲကထွက်မလာ ထွက်မလာနဲ့ ခုနာက Tae လာမှ အခန်းထဲ သွားကြည့်ခိုင်းလိုက်တာ မရှိဘူးတဲ့ ဖုန်းတွေခေါ်နေတာလည်း မကိုင်ဘူး"
"အာ အဲ့ဒါ အလုပ်က ဖုန်းကိုင်လို့မရလို့"
"ပြီးတာပဲ ညနေမှ ဆက်ပြောမယ် ငါဈေးဝယ်လာနေလို့"

Hoseok ဖုန်းချသွားမှ Jimin သက်ပြင်းချနိုင်တော့သည်။ ဟူး... တော်သေးတယ် မရိပ်မိလို့ မဟုတ်ရင် နားပူဦးမယ်.. ဒါနဲ့ငါက ထိုင်ခုံပေါ် ထိုင်နေတာပါ ဘယ်လိုလုပ် Jungkook အိပ်ရာထဲ ရောက်နေတာပါလိမ့်..။ Jimin လည်း အိပ်ခန်းထဲက ထွက်ပြီး အောက်ထပ်ဆင်းခဲ့တော့သည်။

"Jungkook.... Jungkook"

ဘာဖြေသံမှ မကြားရတာကြောင့် Jimin လည်း မီးဖိုခန်းထဲ ဝင်ခဲ့လိုက်သည်။ စားပွဲပေါ် တင်ထားတဲ့ Pancake နှစ်ချပ် နွားနို့ တစ်ခွက် နဲ့ note စာလေးတရွက် ကြောင့် Jimin စာလေးကို ယူဖတ်လိုက်သည်။

'မနက်စာ မစားရင် ဉာဏ်တုံးတတ်တယ် ကျောင်းသားလေး.. စာလိုက်နိုင်အောင် မနက်စာစား'

My Little ServantWaar verhalen tot leven komen. Ontdek het nu