Part-8

8.4K 1K 133
                                    

Unicode;

"မင်းကပါ ဘာလို့ပါလာတာလဲ ငါ ခေါ်လိုက်တာ Hoseok Hyung ပဲလေ"

Jungkook စကားကြောင့် Taehyung မျက်နှာ မဲ့ရွဲ့ကာ

"မစာမနာ ခုချိန် Jimin ကို တနေရာခေါ်ရင် မင်းလည်း ကောက်ကောက်ပါအောင် လိုက်မှာ မဟုတ်ဘူးလား"
"တော်ပါတော့ Taehyung ရဲ့ Jungkook ရေ သူကတော့ သိတဲ့အတိုင်းပဲ လိုက်ချင်ပါတယ် ပြောနေလို့ ခေါ်လာခဲ့တာ မင်းထက်သာ အသက်ကြီးတာ မင်းလောက် မရင့်ကျက်သေးဘူး ဒါနဲ့ Jimin လေးရော"
"ခေါ်ခိုင်းထားတယ်"
"ဟော ပြောရင်း လာပါပြီ ကျောင်းသားလေး"

Taehyung မေးငေါ့ပြတဲ့ နေရာ Jungkook ကြည့်လိုက်တော့ ပြာယာပြာယာနဲ့ ပြေးလာတဲ့ အကောင်ပေါက်လေးကို တွေ့လိုက်ရသည်။

"နောက်ကျသွားလို့ တောင်းပန်ပါတယ်"
"ဘာတောင်းပန်စရာလိုလဲ ကလေးရဲ့ သူတို့တောင် ခုမှရောက်တာ"
"အကဲကိုပိုတယ်"

Taehyung စကားကြောင့် Jimin ပြုံးလိုက်မိသည်။ Jungkook က သူ့စိတ် သိမ်ငယ်မှာ အားငယ်မှာ ကို သိပ်ဂရုစိုက်တာကိုး..။
ဒီလိုနဲ့Jungkook က ရုံးတော်သွားတဲ့ အချိန်ဆို Hoseok က Jimin ကို စာသင်ပေးသည်။ Taehyung ကတော့ Hoseok ဘေးကနေ ဒီတိုင်း ထိုင်ငိုက်နေတတ်သည်။ တခါတလေ Jungkook ကို နန်းတွင်း အစည်းအဝေးရှိလို့ ဖြစ်စေ အရေးကြီး နိုင်ငံရေး အမှုရှိလို့ဖြစ်စေ အိမ်ပြန်နောက်ကျရင် Hoseok နဲ့ Taehyung က Jeon အိမ်တော်မှာပဲ ညအိပ်လိုက်ကြရသည်။ ဒီနေ့လည်း Jungkook ပြန်မလာသေးတာကြောင့် Hoseok နဲ့ Taehyung မပြန်သေး

"Jimin လေး အိပ်ဆောင်သွားရင် သွားတော့လေ Jungkook ပြန်လာမှာပါ"
"ဟင့်အင်း ကျွန်တော် Jungkook ကို နည်းနည်း ထပ်စောင့်ဦးမယ် Hyung တို့ အိပ်ရင် အိပ်နှင့်လေ"
"အင်းပါ အာ့ဆို Hyung တို့ သွားနှင့်ပြီနော်"

Hoseok နဲ့ Taehyung နဲ့ အိပ်ဆောင်ကို ထွက်သွားကြသည်။ Jimin ကတော့ တစ်ယောက်ထဲ ထိုင်ကာ နေ့လည်က Hoseok သင်ပေးထားတဲ့ စာတွေ ပြန်ရေးကြည့်ရင်း Jungkook ကို စောင့်နေလိုက်သည်။ ရေးနေရင်း နောက်တစ်လုံးရောက် မရေးတတ်တော့တဲ့ ရှုပ်ထွေးတဲ့အရေးအသားကြောင့် Hoseok ကို မေးရန် Hoseok တို့ တည်းခိုရာ ဧည့်သည် အိပ်ဆောင်ဘက် ထွက်လာခဲ့သည်။ Hoseok တို့ အိပ်ဆောင်ရှေ့ အရောက် ကြားလိုက်ရတဲ့ အသံတွေကြောင့် Jimin တစ်ကိုယ်လုံး ပူထူသွားသလို ခံစားရသည်။

My Little ServantWhere stories live. Discover now