Part-19

7.6K 997 114
                                    

Unicode;

"အိမ်ရှေ့ထိ လိုက်ပို့လို့ရော အသားကင်တွေ အများကြီးဝယ်ကျွေးလို့ရော Thank you"

ကားပေါ်က ဆင်းခါနီး အင်္ဂလိပ်လို ညှပ်ပြောလိုက်တဲ့ Jimin စကားကြောင့် Jungkook က ရယ်ရင်း

"အင်္ဂလိပ်စကားလုံးတွေထဲမှာ ဘယ်စကားလုံးကို အကြိုက်ဆုံးလဲ"

Jungkook အမေးကို Jimin စဉ်းစားနေလိုက်သည်။ သူသိတဲ့ အင်္ဂလိပ်စာလုံးကလည်း များများစားစားမရှိတာကြောင့် ခက်ခက်ခဲခဲ စဉ်းစားမနေတော့ပဲ ရယ်ပြီးတော့

"ဟီး.. Thank you"
"ငါ အကြိုက်ဆုံး စကားလုံးက"

Jungkook က ဆက်မပြောပဲ ရပ်နေပြီး Jimin မျက်လုံးတို့ကို သေချာစိုက်ကြည့်ရင်း

"I love you"

Jungkook စကားကြောင့် Jimin လည်း ရုတ်တရပ်မို့ အသက်ရူဖို့တောင် မေ့သွားသည်။ မျက်တောင်လေး ပုတ်ခက် ပုတ်ခက်လုပ်နေရင်း ကြောင်တောင်လေး ကြည့်နေတဲ့ Jimin ကိုကြည့်ရင်း Jungkook သဘောကျစွာရယ်လိုက်မိသည်။

"ဟား ဘာကြောင်နေတာလဲ ကားပေါ်က မဆင်းတော့ဘူးလား"
"ဗျာ"

Jungkook စကားကြားမှ Jimin အသိပြန်ဝင်လာတော့သည်။

"ဟုတ် ဟုတ် ဆင်း ဆင်းတော့မလို့ပဲ"

Jimin တစ်ယောက် ယောင်ယောင်မှားမှားနဲ့ ကားတံခါးတောင် ဘယ်လိုဖွင့်ရမှန်း မသိဖြစ်နေသည်။ နောက်မှ တံခါးဖွင့်ပြီး ကားပေါ်က ဆင်းမယ်အလုပ် ရုတ်တရပ် လက်ကိုဆွဲလိုက်တဲ့ Jungkook ကြောင့် Jimin ရင်တွေ ခုန်လာတော့သည်။

"မနက်ဖြန် မနက် ၅ နာရီ လာခေါ်မယ် အာပေတူးလေး Taxi ခ မကုန်အောင်"
"ဗျာ မနက် ၅ နာရီ"
"သွားတော့ Good night"

Jimin လည်း ကြောင်တောင်တောင်နဲ့ ကားပေါ်ကဆင်းရင်း မောင်းထွက်သွားတဲ့ Jungkook ကားလေးကို ငေးနေမိသည်။ Jungkook စကားကြောင့် ခုနာက ရင်ခုန်နေတဲ့ Jimin နှလုံးသားလေး ရပ်တန့်သွားသည်။ မနက် ၅ နာရီတဲ့ ၆ နာရီ တောင် မနည်းထရတာကို..။ အိမ်ထဲရောက်တော့ ညစာစားဖို့ ပြင်နေတဲ့ Hoseok က

"ဘယ်က ပြန်လာတာလဲ"
"အဲ့ဒါ ဟိုဟာ အချိန်ပိုင်းအလုပ်က"
"ဟင် မင်းအလုပ်ကလည်း မနက်ရော ညပါလုပ်ရတာလား ဘာအလုပ်မို့လဲ"
"အွန်... အဲ့ဒါ ဟိုဟာ ကော်ဖီဆိုင်မှာ လုပ်နေတာ"
"ဘယ် ကော်ဖီဆိုင်လဲ"
"Hyung ကလည်း ကျွန်တော်တို့ကျောင်းနားလေးကလေ Epiphany ဆိုတဲ့ ဆိုင်"
"တကယ်လား"
"အင်း"
"အဲ့ဆိုင်ဆိုလည်း ပြီးတာပဲ သွားသွား ခြေလက်ဆေး ညစာစားဖို့ပြင်"
"စားခဲ့ပြီ ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာ ကြိုးစားလို့ ဆိုင်ရှင်က ကျွေးလိုက်တာ"
"တကယ်လား တော်လိုက်တာ အာ့ဆိုလည်း နားတော့လေ"
"ဟုတ် Hyung"

My Little ServantWhere stories live. Discover now