Part - 1

8.1K 407 52
                                    

[Unicode]

"မောင်... ကလေးလေးလိုချင်လားဟင်"

"ဟင်! သည်းငယ်ကလိုချင်လို့လား"

"Omm... ကျွန်တော်က မောင်နဲ့တူတဲ့ကလေးလေးလိုချင်တာ"

"သည်းငယ်လိုချင်ရင် မောင်တို့လှူနေကြ ဂေဟာကတစ်ယောက်လောက်မွေးစားရအောင်လေ"

"ဟင့်အင်း.. ကျွန်တော်ကိုယ်တိုင် မောင်နဲ့တူတဲ့ကလေးလေး မွေးချင်တာ"

"မောင်သဘောမတူဘူး"

"ဘာလို့လဲ..."

"ယောက်ျားလေးကိုယ်ဝန်ဆောင်တာ သဘာဝအတိုင်းမဟုတ်လို့ ဘယ်လောက်တောင်မှအန္တရာယ်များလိုက်လဲ"

"ကျွန်တော်က မောင့်အတွက်ရင်သွေးလေးမွေးပေးချင်တာ"

"မောင်က အသည်းကိုချစ်လို့ပြောနေတာလေကွာ"

"ဒါပေမယ့်.."

"တော်တော့ အသည်း... ဆက်မပြောနဲ့တော့ မောင်ရန်မဖြစ်ချင်ဘူး"

"မောင်က ကလေးမလိုချင်လို့လား"

"လိုချင်တာပေါ့... ဒါပေမယ့် သည်းငယ်သာတစ်ခုခုဖြစ်သွားမှာ မောင်စိုးရိမ်လို့ပါ... အဲ့အချိန်ကျရင်မောင်ပဲရင်ကျိုးရမှာ "

"ကျွန်တော်ဘာမှမဖြစ်ပါဘူး... ကျွန်တော်တစ်ခုခု‌ဖြစ်သွားရင်တောင်မှ ကလေးလေးကို အသက်ရှင်အောင်မွေးပေးမှာပါ"

"တောက်* မင်းတော်တော့ဒီကိစ္စကို ငါသဘောမတူဘူး"

"ကျွန်တော့်ကိုမအော်နဲ့ မောင်...
မောင်နဲ့ကျွန်တော့်ရဲ့သွေးသားကိုမွေးချင်တာ ကျွန်တော့်အပြစ်လား... ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကိုလည်း မောင်နည်းနည်းတော့ ငဲ့ပေးသင့်တယ်"

"ဟာကွာ... ငါ မင်းကိုတော်တော့လို့ပြောနေတယ်လေ... တောက်*"

ဒေါသအရှိန်နဲ့ တောက်ခေါက်သံတစ်ချက်ဟာ ကြားရသူရဲ့နှလုံးသားနုနုကို ဟက်တက်ကွဲအောင်လုပ်နိုင်တယ်ဆိုတာ Chanyeol မသိလေသလား...
သူကတော့ ဝုန်းဒိုင်းကျဲကာထွက်သွားလေပြီ...
ထွက်သွားသူ Chanyeol ရဲ့ကျောပြင်ကျယ်ကိုကြည့်ရင်း အသံတိတ်မျက်ရည်ကျနေတဲ့ကောင်လေးပြောလိုက်သည်က...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now