Part - 12

1.7K 187 42
                                    

[Unicode]

ကျွန်တော်အခန်းထဲဝင်လာတော့ ကုတင်တစ်ဖက်ခြမ်းမှာ အိပ်နေတဲ့မောင်... ကျွန်တော်ရှိရာဘက်ကိုကျောပေးထားတယ်...

ကျွန်တော့်ကို မောင် စိတ်ကြိုက်လျစ်လျူရှုလို့ရပြီ...
ကျွန်တော်က မောင့်ရဲ့လျစ်လျူရှုမှုတွေနဲ့အသားကျခဲ့ပြီမို့ ဘာမှမခံစားတော့ဘူး...
ဒဏ်ရာတွေအရမ်းများနေပြီမို့လို့ ထုံနေပြီမောင်ရဲ့...
ဘယ်လိုရက်စက်မှုကမှ ကျွန်တော့်အပေါ်ကို သက်ရောက်မှာမဟုတ်တော့ဘူး...

မောင်ကျောပေးထားရာ ကုတင်တစ်ဖက်ခြမ်းမှာ ဝင်ရောက်အိပ်စက်လိုက်ပါသည်....
အရင်ကလို မောင့်ရဲ့ရင်ခွင်ကြီးထဲတိုးဝင်ပြီး မောင့်ရဲ့ကိုယ်သင်းရနံ့ကိုရှူရှိုက်ချင်တဲ့ဆန္ဒကိုချိုးနှိမ်နေရတာက လွဲရင်...
အရင်ကလို ကျွန်တော့်ခေါင်းအောက်က မောင့်ရဲ့လက်မောင်းအစား ခေါင်းအုံးတစ်လုံးဖြစ်နေတာကလွဲရင်...
ကျွန်တော့်ကိုကျောပေးထားတဲ့မောင်က အရင်ကကျွန်တော့်ကို ရင်ခွင်ကျယ်ကြီးထဲမှာ ပွေ့ဖက်ပြီးအိပ်စက်ခဲ့တာတွေကို သတိရနေတာကလွဲရင်...
ကျန်တာတွေအဆင်ပြေပါတယ်...

မောင့်မျက်နှာလေးကို မြင်ရရင် ကျေနပ်ပြီလို့တွေးခဲ့ပေမယ့်... တွေ့ပြန်တော့လည်း
မောင့်ရဲ့ပွေ့ဖက်မှုတွေ မောင့်ရဲ့ယုယမှုတွေကိုလိုချင်တယ်... ကျွန်တော်လည်း လောဘတွေနဲ့လူသားတစ်ဦးပါ... မောင် ကျွန်တော့်အနားမှာရှိနေပေမယ့် မျက်ရည်တွေကိုဘဲ အဖော်ပြုနေရတယ်... ဒါကလည်းကျွန်တော့်ရဲ့ အတိတ်ဘဝက အကျိုးပေးတဲ့ကံထင်ပါတယ်...

အတွေးတွေနယ်ကျွံရင်း မှေးခနဲအိပ်ပျော်သွားခဲ့တာ ဘေးနားကမောင့်အသံကိုကြားမှပြန်နိုးလာခဲ့သည်...

အစကတော့ ငြီးနေတဲ့အသံကြားလို့ထကြည့်ပေမယ့် ကျွန်တော့်ဘေးမှာအိပ်နေတဲ့မောင့်ဆီကဖြစ်နေသည်...

ကြည့်ကြည့်တော့ မျက်နှာတစ်ခုလုံးမှာလည်း ချွေးစေးတွေနဲ့ နှုတ်ခမ်းတွေကလည်း ဖြူဖွေးပြီးတော့ စောင်အထူကြီးကိုတစ်ယောက်တည်းလုံးနေအောင်ခြုံထားတာ... ဒဏ်ရာအရှိန်ကြောင့် ဖျားတာထင်သည်... ဒါပေမယ့် ဒီလိုညဉ့်နက်သန်းခေါင်မှာ ဘယ်ဆေးခန်းမှဖွင့်မှာမဟုတ်ဘူး...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now