Part - 5

2.5K 294 90
                                    

[Unicode]

Byun Baekhyun ဆိုတဲ့ ကံဆိုးတဲ့ကောင် ကျွန်တော့်ကို မွေးပြီးပြီးချင်းမှာဘဲ အိမ်ကစီးပွားရေးကျပ်တည်းစပြုလာတယ်...

အဖေနဲ့အမေက သူတို့တတ်နိုင်သလောက် ကြိုးစားခဲ့ကြပါတယ်... ကျွန်တော့်အသက်ငါးနှစ်အရွယ်မှာ ငယ်လေးကို‌မွေးခဲ့တယ်...

နောက်ပိုင်းမှာ အဖေက အရက်ကိုဘဲအဖော်ပြုလာခဲ့တယ်... အမေကလည်းနှလုံးရောဂါအခံနဲ့ဆိုတော့ တစ်နေ့တခြား ကျန်းမာရေးချို့တဲ့လာတယ်...

ကျွန်တော်အသက် ခုနစ်နှစ်အရွယ်မှာ ကုမ္ပဏီတစ်ခုလုံး ဒေဝါလီခံလိုက်ရတယ်...အဲ့နေ့မှာဘဲ အမေက နှလုံးရောဂါနဲ့ ပွဲချင်းပြီးဆုံးသွားတယ်...အဖေကလည်း တစ်နေ့တစ်နေ့အရက်ကိုဘဲသိတဲ့ဘဝကြီးဖြစ်လာခဲ့တယ်....

ကံကောင်းချင်တော့ အိမ်တော်ထိန်းတို့မိသားစုက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်...
သူတို့ရဲ့ သားအရင်းတွေနဲ့တန်းတူပေါ့...

Kim Jongin နဲ့ Byun Baekhyun ညီအစ်ကိုအရင်းတွေက ဘာလို့ မျိုးရိုးမတူတာလဲလို့ မေးလိမ့်မယ်...

ကျွန်တော် အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ငယ်လေးကို Kim မိသားစုက မွေးစားလိုက်တယ်...ကျွန်တော်ကတော့ ကိုယ့်ဘဝကိုရုန်းရင်း အသက်ဆက်ခဲ့ရတာပေါ့....

ငယ်လေးကိုမွေးစားတဲ့အချိန် သိတတ်စအရွယ်ဆိုတော့ ကျွန်တော်နဲ့မခွဲနိုင်ဘူးဆိုပြီး ဂျီကျလို့ ကျွန်တော့်ကို ငယ်လေးနဲ့တွေ့ခွင့်ပေးခဲ့တယ်....ဒီလိုနဲ့ဘဲ ငယ်လေးနဲ့ အဆက်အသွယ်မပြတ်ခဲ့တာ...

ကျွန်တော်လူရယ်လို့ဖြစ်လာကတည်းက ကံကောင်းမှုဆိုတာတစ်စက်ကလေးတောင်မရှိခဲ့တဲ့ကောင်...

ဒီလိုနဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ ထမင်းနပ်မှန်အောင် စားနိုင်ခဲ့တယ်...

ငယ်လေးဆီကလည်း လက်ဖြန့်မတောင်းချင်ဘူးလေ...ကိုယ်ကတောင်သူ့ကိုပေးရဦးမှာ...ကျောင်းတက်ဖို့မပြောနဲ့ အိမ်ငှားခတွေနဲ့ ယားလို့တောင်မကုတ်အားဘူး...

ကျွန်တော်ဘဝမှာ ကံအကောင်းဆုံးလို့ထင်ခဲ့တဲ့အချိန်တွေ စတင်လာခဲ့တဲ့အချိန်က မောင်နဲ့ စတွေ့တဲ့အချိန်...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now