Part - 14

1.7K 210 99
                                    

[Unicode]

ခြံတံခါးကိုဖွင့်ပြီး မှောင်မဲနေတဲ့အိမ်ထဲကိုဝင်သွားတဲ့ ချစ်ရသူလေးနောက်ကို Chanyeol လိုက်ခဲ့ရသည်...

အိမ်ထဲကမီးတွေဖွင့်ပြီး ဖုန်အလိမ်းလိမ်းတက်နေတဲ့ ပရိဘောဂတွေနဲ့ ပြန့်ကျဲနေတဲ့အရက်ပုလင်းခွံတွေကိုကြည့်ပြီး အံ့ဩနေဟန်...

မောင့်အသည်းအံ့ဩနေတာလား...
မင်းမရှိတဲ့နောက်မှာ အဲ့ဒီအရာတွေကမောင့်ရဲ့အဖော်ဘဲလေ မောင့်အသည်းရဲ့...

လွတ်သွားတဲ့စိတ်က ရှေ့ကအံ့ဩရိပ်တွေနဲ့ချစ်စရာအကောင်ပေါက်လေးကို ပြေးဖက်လိုက်ချင်ပေမယ့် ဒဏ်ရာရထားတဲ့ခန္ဓာကိုယ်ကြောင့် ချစ်ရသူလေးရဲ့အနားကို တစ်လှမ်းချင်းလှမ်းသွားလိုက်တဲ့အခါ...

"မောင်.. arnyi.. Chanyeol shii ခင်ဗျားအိမ်က ဘာလို့ လူမနေတဲ့အိမ်လိုဖြစ်နေရတာလဲ.. ခင်ဗျားရဲ့ ချစ်လှစွာသော အိမ်သူသက်ထားကဘယ်သွားနေလို့လဲ"

မောင်ဆိုတဲ့ခေါ်သံလေးကြောင့် သေမတတ်ခုန်နေတဲ့နှလုံးသားကို အနောက်ကဆက်ကပြောလိုက်တဲ့စကားလုံးတွေက လူကိုအရှင်လတ်လတ်နဲ့ဓားနဲ့မွှန်းပြီးဆားနဲ့ပက်လိုက်သလိုပါဘဲ...

Chanyeol shii တဲ့... ခင်ဗျားရဲ့ချစ်လှစွာသော အိမ်သူသက်ထား တဲ့...
အဟက်!! မောင့်ရဲ့အစီအစဉ်တွေအောင်မြင်တယ်လို့ဘဲဆိုရမှာပေါ့ မောင့်အသည်းရေ...

မောင်က တစ်ကိုယ်ကောင်းဆန်တယ်မလား... မင်းရဲ့နှလုံးသားကို သေလောက်အောင်နာကျင်တဲ့ဒဏ်ရာတွေပေးပြီးတော့ ကိုယ့်အလှည့်ရောက်မှ မင်းကစကားလုံးတွေနဲ့ဘဲထိုးနှက်တာတောင် ခံနိုင်ရည်မရှိဘူး မောင့်အသည်းရေ...

' မင်းနဲ့မဆိုင်ဘူး ' လို့ကျွန်‌တော်ပြောလိုက်တဲ့စကားကြောင့်ထင်သည်... မျက်ဝန်းမှေးမှေးလေးမှာ‌ဝေ့ဝဲလာတဲ့မျက်ရည်စလေးတွေ... ကျွန်တော် သူ့ကိုနာကျင်စရာတွေထပ်ပေးမိပြန်ပြီ... သူ့ကို နာကျင်စရာတစ်ခုပေးမိတိုင်း ကျွန်တော်က နှစ်ဆပြန်နာကျင်ရတာ သူသိပါ့မလား...

မျက်ရည်စလေးတွေကို ပြန်သိမ်းသွားတဲ့ချစ်ရသူလေးက ဆေးဘူးယူဖို့ဆိုပြီးထွက်သွားခါနီးနောက်ကျောပြင်လေးကို အံ့ဩစွာငေးကြည့်မိနေစဉ်မှာ...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now