Part - 15

1.6K 196 98
                                    

[Unicode]

ညက Chanyeol တစ်ညလုံးမအိပ်ဘဲ လွမ်းနေရတဲ့သူ့ရဲ့မျက်နှာနုနုကို ငေးနေမိတာကြောင့် မနက်အရုဏ်တက်ချိန်မှအိပ်‌ပျော်သွားခဲ့သည်... မနက်ခင်းလင်းတော့ ရင်ခွင်ထဲကဗလာကျင်းနေတဲ့ခံစားချက်... သည်းငယ်ပြန်သွားပြီထင်ပါသည်လေ... တော်တော်တောင်နေမြင့်နေပြီ...

လှဲအိပ်နေရာကထလိုက်တော့ တဆစ်ဆစ်ထိုးကိုက်လာတဲ့ခေါင်းနဲ့အတူ ခါးစပ်ဆီကနာကျင်မှုကြောင့် ကိုယ့်ခေါင်းကိုလက်နှစ်ဖက်နဲ့ပြန်အုပ်ကိုင်ကာ ပြန်လှဲချလိုက်သည်... ပြီးမှ ဖြည်းဖြည်းချင်းအားယူကာထရသည်...

မျက်နှာသစ်ဖို့ရေချိုးခန်းထဲကိုရောက်တဲ့အချိန်မှာ ရေဇလုံတစ်လုံးကိုတွေ့လိုက်ရသည်... စမ်းကြည့်တော့ အေးစက်စက်ရေရဲ့အထိအတွေ့ကြောင့် သည်းငယ်ထွက်သွားတာကြာပြီထင်ပါသည်... မျက်နှာသစ်ပြီးအောက်ထပ်ကိုဆင်းလာတဲ့အခါ စားပွဲပေါ်မှာတွေ့လိုက်တဲ့ဆန်ပြုတ်ပန်းကန်... အေးစက်စက်ဆန်ပြုတ်ကိုစားရင်း ပန်းကန်ထဲကိုကျဆင်းလာပြန်တဲ့ ထိန်းမရတဲ့မျက်ရည်စတို့ကို ကပျာကယာဖယ်ရှားလိုက်သည်...

ဒီလိုအခြေအနေဖြစ်အောင် မင်းကိုယ်တိုင်ဖန်တီးခဲ့တာဘဲလေ... အခုမှဘာလို့မျက်‌ရည်တွေကျနေတာလဲ...

အခုချိန်မှာ အိပ်ယာထဲမှာဘဲ ခွေခေါက်နေချင်တဲ့စိတ်ကြောင့် ထိုင်ခုံကအထမှာ ရင်ဘတ်ထဲကပျို့တက်လာတဲ့အခြေအနေကြောင့် အောက်ထပ်မှာရှိတဲ့သန့်စင်ခန်းထဲကို ပြေးရသည်...

ဘေစင်မှာခေါင်းစိုက်နေတုန်း ကြားလိုက်ရတဲ့တံခါးဖွင့်သံ... ခနနေတော့ ခေါင်းငိုက်စိုက်ချပြီး အိမ်ပြင်ကိုထွက်သွားတဲ့ပုံရိပ်ငယ်လေးကို သန့်စင်ခန်းတံခါးဝကလှမ်းမြင်လိုက်ရသည်... ခြံထဲက ခုံတန်းလေးကိုအတန်ကြာစိုက်ကြည့်နေပြီး ခုံတန်းပေါ်လှဲအိပ်လိုက်တဲ့ ချစ်ရသူလေး...

ခဏနေရင်ပြန်သွားမယ်လို့ထင်ပြီး အိမ်တံခါးဝကနေကြည့်နေခဲ့ပေမယ့် တော်တော်ကြာတာတောင် ထမသွားတဲ့သူလေးကြောင့် ခြေလှမ်းတို့က အလိုလို ထိုအနားကိုရောက်သွားခဲ့သည်...

"မောင့်အသည်းရာ ဒီတိုင်းကြီးအိပ်နေရလား... ခေါင်းတွေနာကုန်တော့မှာဘဲ"

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now