Part - 21

1.4K 163 54
                                    

[Unicode]

အရာရာဟာပုံမှန်အတိုင်းလည်ပတ်နေခဲ့ပြီ...
အဲ့လိုပြောရင် လုံးဝကြီးမှန်နေတာတော့မဟုတ်... တကယ်တော့ ပုံမှန်ဘဝအတိုင်း ဟန်ဆောင်နေခဲ့ကြသည်သာ...

ပိုဆိုးလာကျွန်တော့်ရဲ့ရောဂါကြောင့် ဖြစ်လာတဲ့လက္ခဏာတွေကို သည်းငယ်က ပုံမှန်အတိုင်းဘဲ ဆက်ဆံပေးသည်... ရောဂါသည်းလာတဲ့အချိန်တွေမှာ မျက်ဝန်းထဲကဝမ်းနည်းတဲ့အရိပ်အယောင်လေးတွေမြင်ရပေမယ့် ကျွန်တော့်ရှေ့မှာထုတ်မပြတော့... ညနက်သန်းခေါင်အချိန် ကျွန်တော်အိပ်မောကျလောက်မယ့်အချိန်မှသာ သန့်စင်ခန်းထဲမှာ တအင့်အင့်နဲ့ငိုရှိုက်တတ်သည်...

ကျွန်တော် ဒါတွေကိုသိရဲ့သားနဲ့မသိချင်ယောင်ဆောင်ထားခဲ့တာ...
တစ်ခါတလေမှာ ဟန်ဆောင်နေရတာက ကိုယ်တစ်ယောက်တည်းနာကျင်မှုတွေစုပြုံနေပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူရဲ့နာကျင်မှုတွေကို လျော့နည်းစေနိုင်တယ်လေ...

အင်းးးးးး ဒီလိုပုံမှန်အတိုင်းနေလို့ရတာ Yixing hyung ရဲ့ကောင်းမှုကြောင့်လည်းပါတာပေါ့... Hyung ရဲ့တောင်းဆိုမှုကြောင့် ဆေးရုံက VIP အခန်းမှာနေရတော့ တကယ်ကိုအေးအေးဆေးဆေးပါ...

အခုတော့ ပြတင်းပေါက်ဘေးက ခုံပေါ်ထိုင်ကာ သိုးမွှေးထိုးနေတဲ့သည်းငယ်... ကျွန်တော့်ကိုပြုစုပြီး အားတဲ့အချိန်တွေမှာ ကလေးလေးမွေးလာရင် မိသားစုသုံးယောက်ဆင်တူဝတ်ဖို့ဆိုကာ သိုးမွှေးအင်္ကျီလေးတွေထိုင်ထိုးနေတတ်သည်... ဆံပင်တွေမရှိတော့တဲ့ကျွန်တော့်ခေါင်းပေါ်မှာလည်း သည်းငယ်ထိုးပေးထားတဲ့ အနက်ရောင်‌သိုးမွှေးဦးထုပ်လေးက နေရာယူထားသည်...

"သည်းငယ်ရေ အိပ်မယ်... လာတော့"

"ခဏလေး မောင်...
ဒီတစ်နေရာလေးလက်စသတ်လိုက်ဦးမယ်"

"မနက်မှဆက်ထိုးပါကွာ... ဒီတိုင်း ဆက်ထိုး‌နေရင် ညဥ့်နက်တော့မယ်... လာအိပ်တော့"

"အွန်းအွန်း... အဲ့ဒါဆို ဒါလေးတွေသိမ်းလိုက်ဦးမယ်နော်"

ချည်လုံးလေးတွေသိမ်းပြီးတော့ ကုတင်ပေါ်ရောက်နေပြီဖြစ်တဲ့ကျွန်တော့်ရဲ့ရင်ခွင်ထဲကိုကျောလာကပ်ပြီးဝင်လှဲလိုက်တဲ့သည်းငယ်...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now