Part - 8

1.9K 227 66
                                    

[Unicode]

"Baekhyunie!! Baekhyunie!! Baekhyunie!!"

"ဟင်! Junnie! ဘာလို့လဲဟင်!"

"Baekhyunie ငိုနေတာလား"

"ကျွန်တော်လား!? မငိုပါဘူး!?"

"မင်း မျက်ရည်တွေကိုသုတ်ပြီးမှ ငါ့ကိုညာစမ်း Baekhyunie"

"ကျွန်တော်တောင်းပန်ပါတယ်"

"အယ်....မင်းဘာသာမင်းငိုတာကို Jun ကိုဘာလို့တောင်းပန်တာလဲ...မင်းလည်းလူဘဲ ဝမ်းနည်းတတ်တာပေါ့ မျက်ရည်ကျတတ်‌တာပေါ့...Jun နားလည်ပါတယ်"

"......"

"Jun ကိုလေ အစ်ကိုအရင်းတစ်ယောက်လို သဘောထားပေးလို့မရဘူးလား Baekhyunie"

မျက်နှာချင်းဆိုင်မှာထိုင်နေရာက ထလာတဲ့ Junnie က ကျွန်တော့်ဘေးကနေရာကို လာထိုင်ပြီး ကျွန်တော်ကို ပွေ့ဖက်သည်....

"အခုမှတွေ့ပေမယ့် Baekhyunie ကို ညီလေးတစ်ယောက်လိုစောင့်ရှောက်ချင်တာ... Jun က ငယ်ငယ်လေးကတည်းက ညီလေးတစ်‌ယောက်လိုချင်ခဲ့တာ...."

ကျွန်တော့်မျက်နှာကို သူ့ပုခုံးပေါ်အပ်ထားစေပြီး လက်တစ်ဖက်က ကျွန်တော့်ရဲ့ခေါင်းပေါ်မှာ ကျန်တဲ့တစ်ဖက်က ကျွန်တော့်ရဲ့နောက်ကျောကို ပွတ်သပ်ကာ ချော့မြှူပေးပြန်တော့ ဝမ်းနည်းမှုတို့က ခြံကျိုးလာတဲ့နွားရိုင်းပမာ....

"ဟင်!? Baekhyunie! Jun ကို အစ်ကိုအရင်းတစ်ယောက်လို သဘောထားပြီး Baekhyunie စိတ်ထဲမှာရှိတာတွေ ခံစားနေရတာတွေ Jun ကိုပြောပြလေ... Jun နားထောင်ပေးမယ်... Baekhyunie လည်းနည်းနည်းလောက်စိတ်သက်သာရာရတာပေါ့"

"Junnie~~~ဟင့်"

မျက်နှာအပ်ထားမိတဲ့ Junnie ရဲ့ ပုခုံးပေါ်မှာ မျက်ဝန်းဆည်ကျိုးကာလျှံလာတဲ့မျက်ရည်တို့ကို အလွှတ်‌ပေးမိသည်....

"Jun ရဲ့ Baekhyunie ငိုချလိုက်နော်...စိတ်ထဲမှာ တင်းခံပြီးမျိုသိပ်မထားနဲ့...ဒီနေ့ဘဲ ငိုရမှာ....နောက်နေ့တွေတော့ မငိုရတော့ဘူး...ဒီနေ့တစ်နေ့ထဲနဲ့ အားရအောင် မျက်ရည်တွေကုန်အောင်ငိုလိုက်နော်"

"အီး~~~ဟီး~~~~ Junnie ရေ~~~~"

"ဟုတ်တယ် Junnie ရဲ့ Baekhyunie ငိုနေတာနော်...ငိုချလိုက်"

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Dove le storie prendono vita. Scoprilo ora