Part - 25

2.1K 129 26
                                    

[Unicode]

"သည်းငယ်~~~~~~"

ကုတင်ပေါ်ကမထနိုင်တော့တဲ့ မောင့်ဆီကခေါ်သံတိုးတိုးလေးကြောင့် မောင့်ရဲ့လက်ဖဝါးတစ်ဖက်ကို Baekhyun လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်...

"ပြောလေ မောင်..."

"မင်းရင်ထဲမှာဖြစ်တည်နေသေးတဲ့ ဆူးတစ်ချောင်းကို မောင်နှုတ်ပေးမယ်... သည်းငယ် မောင့်အပေါ် သံသယတွေရှိနေတာမလိုချင်လို့.."

ကျွန်တော် မောင့်အပေါ်မှာထားခဲ့တဲ့သံသယတွေ အရင်တုန်းကလိုမရှိတော့ပါဘူးမောင်ရယ်... ကျွန်တော်က မောင့်ကိုဘဲအကြွင်းမဲ့ယုံတာမို့...

ပြောချင်နေတဲ့စကားတွေက လည်တိုင်မှာတစ်ဆို့နေပြီး အသံထွက်မလာတဲ့အခါ ခပ်တိုးတိုးထွက်လာပြန်တဲ့ မောင့်ဆီကစကားသံ...

"မောင် မင်းအပေါ်မှာတောင်းပန်စရာတွေကျန်နေသေးပေမယ့် မောင်တို့နှုတ်ဆက်ရတော့မယ်လေ..."

"နှုတ်ဆက်ရတော့မယ်‌" တဲ့...
ဟင့်အင်း.. ကလေးလေးကို တွေ့သွားရဦးမယ်လေ... ကလေးလေးကို မောင်ကချော့မြှူပေးရဦးမှာ... ပြီးတော့ မိုးချုန်းသံကိုကြောက်တတ်တဲ့ ကျွန်တော် မိုးရွာတဲ့ညတွေဆို တစ်ယောက်တည်း ဘယ်လိုဖြတ်သန်းရမလဲ...

ကျွန်တော့်ရဲ့လက်တွေကြားက ရုန်းထွက်နေတဲ့မောင့်ရဲ့လက်တစ်ဖက်... အတွေးလွန်နေတာမို့ စိတ်အလိုကျအတိုင်း ယောင်ရမ်းကာလွှတ်ပေးမိလိုက်တော့ ကျွန်တော့်ပါးပြင်တစ်ဖက်ကို ခပ်ဖွဖွပွတ်သပ်ကာ ချော့မြှူနေပြန်သည့် မောင်...

"သည်းငယ် ပထမဆုံး ထိခိုက်မိတဲ့ည...
အဲ့ဒီနေ့ညက မင်းရဲ့အနားမှာ မောင်ရှိနေခဲ့တယ်... မောင် မင်းတို့ကိုမကာကွယ်နိုင်ခဲ့ဘူး... ဒါပေမယ့် အဲ့နေ့ကဘဲ မင်း‌ဆီမှာ ကလေးလေးရှိနေတာ မောင်သိခဲ့ရတယ်"

"အဲ့ဒါတွေအားလုံးကျွန်တော်သိတယ်..."

"မောင့်အသည်း..."

ကျွန်တော်ပြောလိုက်တော့ အံ့ဩရိပ်သန်းနေတဲ့မောင်အသံဟာ အခန်း‌လေးထဲ လွှမ်းမိုးသွားခဲ့သည်...

"မောင် ကျွန်တော့်ကို ကယ်ခဲ့တာရော...
Yixing hyung ဆီကိုအပ်ပေးခဲ့တာတွေရော... ကျွန်တော် အကုန်သိတယ်လို့.."

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now