Part - 19

1.4K 169 28
                                    

[Unicode]

သည်းငယ်ထွက်သွားတဲ့နေ့ကတည်းက Chanyeol လုပ်နေကျအလုပ်တစ်ခုက မနက်မျက်လုံးနှစ်လုံးပွင့်တဲ့အချိန်ကစပြီး သည်းငယ်ရဲ့အနားကို ရောက်အောင်သွားသည်...

သည်းငယ်မသိပေမယ့် နောက်တော်ပါးမှာကိုယ်ရံတော်လေးအဖြစ်ပေါ့... အနွေးဓာတ်မလုံလောက်တဲ့အခန်းငယ်ထဲမှာ ကွေးကွေးလေးအိပ်နေမယ့် သည်းငယ်ကိုတွေးမိတိုင်း အိပ်မပျော်နိုင်တာမို့ သည်းငယ်ရဲ့အခန်းရှေ့မှာ မိုးလင်းခဲ့တဲ့ညတွေက ညတိုင်းနီးပါး... အသံမလုံတဲ့အခန်းလေးထဲက ငိုရှိုက်သံသဲ့သဲ့ကိုကြားမိတိုင်း အောင့်သက်နာကျင်နေတဲ့ဝဲဘက်ရင်အုံကိုထုကာ အဆက်မပြတ်စီးကျနေတဲ့မျက်ရည်တို့ကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းပွတ်ဆွဲမိသည်မှာလည်း အခါပေါင်းမရေမတွက်နိုင်လောက်အောင်ပင်... ညလုံးပေါက်မအိပ်တဲ့သည်းငယ်က နေ့ခင်းတွေမှာအိပ်ပျော်တတ်သည်...

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့အချိန်‌ပိုင်းအလုပ်ရှာနေပုံပေါ်တဲ့သည်းငယ်ဟာ ရက်အနည်းငယ်အကြာမှာ ကလပ်တစ်ခုမှာအလုပ်ရသွားသည်ထင်... ကလပ်မှာအလုပ်လုပ်တာကို Chanyeol မကြိုက်ပေမယ့် သူ့မှာတားနိုင်စွမ်းမရှိတော့ဘူးလေ... ဒီတိုင်းလေး သည်းငယ်ရဲ့အနောက် မမြင်သာတဲ့နေရာကနေသာ စောင့်ရှောက်ပေးဖို့တတ်နိုင်ခဲ့သည်...

မှောင်မဲနေတဲ့လမ်းမှာ ညကြီးမိုးချုပ်တစ်ယောက်တည်းပြန်တဲ့ သည်းငယ်နောက်ကို Chanyeol လိုက်ကြည့်သည်... အမှောင်ကြောက်တတ်တဲ့သည်းငယ်က မှောင်ရိပ်ကျတဲ့နေရာကိုရောက်တာနဲ့ ခြေလှမ်းတွေကိုအရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်တတ်တဲ့သည်းငယ်ကိုကြည့်ပြီး Chanyeol ပြုံးမိပါသေးသည်... အခန်းထဲကိုအန္တရာယ်ကင်းကင်းဝင်သွားတာတွေ့မှ Chanyeol သက်ပြင်းချကာ သည်းငယ်ရဲ့အခန်းရှေ့မှာဘဲမိုးလင်းသည်ပေါ့... သည်းငယ်ရဲ့အိမ်ပြန်လမ်းမှာ Chanyeol ဆိုတဲ့ကိုယ်ရံတော်လေးမပါမဖြစ်ပေါ့လေ...

တစ်နေ့.......
ကလပ်ထဲကထွက်လာတဲ့ သည်းငယ်‌နောက်ကို Chanyeol ထုံးစံအတိုင်းဘဲ ခပ်လှမ်းလှမ်းကလိုက်လာခဲ့သည်...
တစ်နေရာအရောက်မှာ နှာခေါင်းကသွေးတို့ကအဆက်မပြတ်စီးကျလာတာမို့ အင်္ကျီအိတ်ကပ်ထဲကလက်ကိုင်ပုဝါကိုထုတ်ပြီး ခပ်ကြမ်းကြမ်းသုတ်လိုက်သည်...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now