𝐿𝑜𝑣𝑒 𝑖𝑛 𝑡ℎ𝑒 𝐶𝑎𝑔𝑒

2.8K 197 60
                                    

BGM - Missed connections {DK}☝️

[Unicode]

"သမီးရေ..... ငယ်ရေ..... ကိုယ်ပြန်လာပြီ"

ကုမ္ပဏီကပြန်ရောက်ရောက်ချင်း ခေါ်တာကိုကသမီးရေတဲ့... ဟွန့်! Kyungsoo တို့ဒါမျိုးလက်မခံနိုင်ပေါင်...

"ဖေ့.."

"အယ်... သားအဖနှစ်ယောက် ဆော့နေကြတာလား"

"ဖေ့.."

ကျန်းမာရေးချူချာလွန်းလှတဲ့သမီးငယ်လေးက ဒီစကားတစ်လုံးဘဲပြောသည်... သူလိုချင်တာရှိရင် "ဖေ့.." ဆိုပြီး ပူဆာတော့တာဘဲ...

"ငယ်... အဲဗျာ... စိတ်ကောက်နေတာလား"

စိတ်ကောက်နေပါတယ်ဆို ပြောရဦးမှာလား ဘိုးတော်ကြီးရဲ့... ငတုံးကြီး...

"ကိုယ်သိပြီ... သမီးကိုအရင်ခေါ်လို့စိတ်ကောက်သွားတာလား"

သိရဲ့သားနဲ့လာမေးနေ အစုတ်ပလုတ်ကြီးရဲ့...

"ကလေးနဲ့ပြိုင်ပြီးစိတ်ကောက်နေတယ် ငယ်ရာ... ကိုယ့်ဘက်ကိုလှည့်ပါဦးကွာ"

Kyungsoo ရဲ့ပုခုံးကိုဆွဲလှည့်လာတာမို့ ကိုနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခါမှ နှုတ်ခမ်းကိုပြွတ်ခနဲနေအောင်နမ်းလိုက်တာမို့ Kyungsoo ရဲ့နဂိုပြူးပါတယ်ဆိုတဲ့မျက်လုံးက ပိုပြီးပြူးကျယ်ကာဝိုင်းစက်သွားရသည်...

"ခ်ခ်ခ်ခ်.."

တစ်ခစ်ခစ်ရယ်သံလေးကြောင့် ကို့ကို မျက်လုံးအပြူးသားနဲ့ကြောင်ကြည့်နေရာကနေ ဘေးကိုကြည့်လိုက်တော့ သမီးလေး..

သူ့ daddy က ကိုယ့်ကိုအနိုင်ကျင့်နေတာကို မျက်လုံးလေးတွေမှိတ်ကျတဲ့အထိ ရယ်နေပြန်တာ... ကိုနဲ့သူနှစ်ယောက်သား သမီးလေးရယ်နေတာကိုဘဲ ဒီတိုင်းငြိမ်ငြိမ်လေး ကြည့်နေမိတာ... သမီးလေးဒီလိုရယ်တဲ့အချိန်က ရှားတယ်လေ... လမစေ့ဘဲမွေးထားရတဲ့သမီးငယ်လေးက နှလုံးအားနည်းတာမို့ ခဏလေးရယ်လိုက်မိတာနဲ့ မောဟိုက်လာတတ်သည်လေ...

"Daddy ရဲ့သမီးက သဘောကျနေတယ်ပေါ့... ဟုတ်လား"

နှုတ်ခမ်းကိုတပြွတ်ပြွတ်လာနမ်းနေတဲ့ ကိုနဲ့ ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ကာ ဘေးကနေတခစ်ခစ်ရယ်နေပြန်တဲ့သမီးငယ်လေး...

🎉 You've finished reading 𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ] 🎉
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now