Part - 16

1.6K 192 42
                                    

[Unicode]

"ကို့ကို ငယ်က ကိုကိုဗိုက်နဲ့မိတ်ဆက်ပေးမလို့ကို နေမကောင်းဘူးတဲ့"

"နေမကောင်းတာကိုဘယ်တတ်နိုင်မလဲငယ်ရယ်... နောက်နေ့ကျမှထပ်လာပေါ့"

"နောက်နေ့ကျရင်လိုက်ပို့နော်... ကိုနဲ့ မိတ်ဆက်ပေးမယ်"

ငယ် ဒီရက်ပိုင်းမှာ ကုမ္ပဏီနားကကော်ဖီဆိုင်ကိုအမြဲသွားသည်... ထမင်းစားနားချိန်တွေ၊ အချိန်လေးခဏမအားလိုက်နဲ့ အားလိုက်တာနဲ့ ထိုကော်ဖီဆိုင်ကိုဘဲ သွားသည်... ညနေရုံးမဆင်းခင် တစ်နာရီလောက်ကြိုပြီးထိုကော်ဖီဆိုင်သွားပြီး.. ဘယ်လိုခေါ်တာပါလိမ့်!? အာ... သူပြောတဲ့ ကိုကိုဗိုက်နဲ့တွေ့တာတဲ့...

ယောက်ျားလေးကိုယ်ဝန်ဆောင်ထင်ပါသည်... ငယ်ပြောတဲ့ပုံစံအတိုင်းဆို ထိုကောင်လေးက တော်တော်သနားဖို့ကောင်းသည်... ငယ်က ထိုကောင်လေးရဲ့ဗိုက်‌လေးပူပူလာတာကို အူယားလို့ ဗိုက်ထဲကကလေးနဲ့သွားသွားပြီးစကားပြောတာပါတဲ့... ကိုယ်ရုံးဆင်းတဲ့အချိန်ရောက်မှ ထိုဆိုင်ရှေ့မှာငယ်ကစောင့်နေတတ်သည်... ဒီနေ့တော့ ကိုကိုဗိုက်နဲ့မိတ်ဆက်ပေးမယ်ဆိုပြီး ဆိုင်ထဲကိုလက်ဆွဲခေါ်သွားသည်... ဖြစ်ချင်တော့ ထိုကောင်လေးက နေမကောင်းလို့ ဆိုင်ကိုလိုက်မလာဘူးတဲ့...

ထိုကောင်လေးကို Jongin လည်းတွေ့ကြည့်ချင်ပါသည်လေ... ယောက်ျားလေးကိုယ်ဝန်ဆောင်ဆိုတော့ နည်းနည်းလောက်စပ်စုချင်တာလည်းပါတာပေါ့...

------------LITC-----------

"Baekhyunie ဘယ်တွေသွားနေတာလဲ"

Baekhyun အိမ်ထဲကိုရောက်တော့ ဧည့်ခန်းထဲကနေ Junmyeon လှမ်းပြောတဲ့အသံကိုကြားလိုက်တာကြောင့် Baekhyun ကိုယ်လေးတစ်ချက်တုန်သွားမိသည်...

"ဒီ..ဒီနားလေးကို မုန့်သွားစားတာပါ Junnie"

"ဪ....."

ဪ...တစ်လုံးထဲပြောကာ ဖတ်လက်စစာအုပ်ကိုပြန်ပြီးအာရုံစိုက်နေတဲ့ Junnie...

"Junnie ဒီနေ့ ဆိုင်မဖွင့်ဘူးလား"

"ဆိုင်က ‌ဝယ်သူတွေလည်းသိပ်မလာဘူးလေ... ပြီးတော့ Baekhyunie နေမကောင်းဘူးဆိုလို့ ဆိုင်ပိတ်ပြီးပြန်လာလိုက်တာ"

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Onde histórias criam vida. Descubra agora