Part - 23

1.2K 155 72
                                    

BGM - All of me {Chanyeol}☝️

[Unicode]

ငြိမ့်ငြိမ့်ငြောင်းငြောင်းထွက်ပေါ်လာတဲ့
စန္ဒယားသံနဲ့အတူ ပွင့်လာတဲ့ခန်းမတံခါးဆီမှ ကော်ဇောနီလျှောက်လမ်းပေါ် ယှဉ်တွဲကာလျှောက်လှမ်းလာကြတဲ့ သတို့သားနှစ်ဦး...

ကျွန်တော် မောင့်ကို စောင်းငဲ့ကိုကြည့်မိတော့ မောင်ကကျွန်တော့်ကို ကြည့်လာပြန်တယ်...
ကျွန်တော့်ကိုပြုံးပြလာတဲ့မောင့်ရဲ့အပြုံး‌တွေက ကမ္ဘာကြီးမှာဘယ်သူမှလိုက်လို့မမှီနိုင်တဲ့အလှဆုံးအပြုံးတွေ... မောင့်ရဲ့မျက်နှာလေးက စကြဝဠာတစ်ခုလုံးကိုအပိုင်စားရသွားလို့ အပျော်ကြီး‌ပျော်နေတဲ့ စကြဝတေးမင်းပေါက်စလေးလိုမျိုး...

သတို့သားဝတ်စုံအဖြူလေးနဲ့မောင်က အရမ်းခန့်ညားလွန်းတယ်...

ဆံပင်အနက်ရောင်ကို သေသေသပ်သပ်ပင့်တင်ထားတာကြောင့် ကျွန်တော့်အနမ်းတွေ အမြဲတမ်းကျက်စားရာဖြစ်တဲ့ မောင့်ရဲ့နဖူးပြင်ကြီးကိုမြင်ရတာက ကျွန်တော့်ရဲ့ရင်ခုန်သံတွေ အဆက်မပြတ်မွေးဖွားနေပြန်ပါပြီ...

ကျွန်တော့်ကိုပြန်ပြုံးပြလာတဲ့အချိန်မှာ မောင့်ရဲ့မျက်လုံးဝိုင်းဝိုင်းတွေက ဟိုးအဝေးကြီးက ဓူဝံကြယ်လိုတောက်ပနေတာမျိုး...

ကျွန်တော့်ကိုချစ်တဲ့အကြောင်းတွေတဖွဖွပြောတတ်တဲ့ နီဆွေးနေတဲ့နှုတ်ခမ်းထူထူ‌လေးကော့တက်နေတဲ့အချိန်မှာ ဒီလိုပြည့်စုံလှတဲ့ မောင်ကကျွန်တော့်အပိုင်ပါလားဆိုတဲ့အသိက ရင်ထဲမှာကိန်းအောင်းတဲ့အခါ ကျွန်တော်က လောကကြီးမှာဘဝင်အမြင့်ဆုံးလူသားဖြစ်သွားမယ်ထင်တယ် မောင်ရေ...

စိတ်လှုပ်ရှားလွန်းတာကြောင့် မောင့်လက်မောင်းကိုတွယ်ချိတ်ထားတဲ့လက်တစ်ဖက်ကလက်ချောင်းတို့ကိုဆုပ်မိလိုက်တဲ့အချိန်မှာ... ကျွန်တော့်ကိုလှည့်ကြည့်လာပြန်တဲ့မောင်က ကျွန်တော့်ရဲ့စိတ်တွေကိုသိနေသလို ကျွန်တော်ရဲ့လက်တွေကို ဘေးမှာချထားလက်တစ်ဖက်နဲ့ ပြန်လည်ဆုပ်ကိုင်လာသည်... ပြီးတော့ပွင့်အာလာတဲ့မောင့်နှုတ်ခမ်းလွှာတစ်စုံက ပြောလာတာက ' အဆင်ပြေသွားမှာပါ ' တဲ့... နှုတ်ခမ်းလှုပ်ရုံလေးပြောလာတဲ့ မောင့်ရဲ့စကားနဲ့ အားပေးသယောင် ဆုပ်ကိုင်လာတဲ့မောင့်ရဲ့လက်ဖဝါးကြီးကအ‌နွေးဓာတ်ကြောင့် စိတ်လှုပ်ရှားမှုတို့က တစ်ဝက်လောက်သက်သာသွားသလိုလို...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now