Part - 11

2K 233 76
                                    

[Unicode]

"မင်းကိုသွားတော့လို့ပြောနေတာမကြားဘူးလား!!!"

အမိန့်ဆန်တဲ့စကားသံအဆုံးမှာ နောက်လှည့်လာတဲ့ထိုသူရဲ့မျက်နှာကို မြင်မိလိုက်တဲ့ခဏတာ....

ဦးထုပ်ကို မျက်နှာတစ်ခြမ်းဖုံးအောင်ဆောင်းထားလည်း မြင်လိုက်ရတဲ့နှုတ်ခမ်းနှစ်လွှာနဲ့ ကြားလိုက်ရတဲ့စကားသံတို့ကိုဆက်စပ်ကာ သိလိုက်ရတာက အခုအချိန်မှာချစ်ရသူမောင်က သူ့ရှေ့မှာရောက်နေတယ်တဲ့လား....

မယုံနိုင်လောက်အောင် မောင့်မျက်နှာကို ငေးမိနေတဲ့အချိန်.....

"အ့"

ဓားကိုင်ထားတဲ့လူကြီးရဲ့လက်သီးတစ်ချက်က မောင့်ဗိုက်ပေါ်ကိုကျလာသည်....

ဓားကိုဆုပ်ကိုင်ထားတဲ့မောင့်လက်တစ်ဖက်က စီးကျနေတဲ့သွေးတွေက မြေပြင်ပေါ်ကို တစ်ပေါက်ပေါက်နဲ့ကျဆင်းနေတယ်....

မောင်ရဲ့လွတ်နေတဲ့လက်တစ်ဖက်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှေ့ကလူကိုထိုးလိုက်သည်....

တန်ပြန်လာတဲ့လက်သီးချက်တွေကို ဝိုက်ကာရှောင်လိုက်တဲ့မောင့်ရဲ့လက်သီးချက်တွေက ထိုသူရဲ့ရင်ညွန့်ပေါ်ကို ကျရောက်သည်....
ထိုသူလဲကျသွားတဲ့အချိန်မှာ မောင့်ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ဓားသွားက လွတ်သွားခဲ့သည်.... မောင့်ရဲ့လက်ကကျ‌ဆင်းနေတဲ့သွေးတွေ...

"မင်းကိုသွားတော့လို့ပြောနေတယ်လေ!!!"

မောင့်ရဲ့လက်သီးချက်တွေကြောင့် လဲကျသွားတဲ့လူက ကုန်းရုန်းထလာပြီး ကျွန်တော့်ဘက်ကိုမျက်နှာမူထားတဲ့မောင့်ကို လက်ထဲကဓားနဲ့ လှမ်းအရွယ်မှာ...

"မောင်!! အနောက်မှာ!!"

ကျွန်တော့်အော်သံကြောင့် နောက်ကိုလှည့်လိုက်တဲ့မောင်က ဓားချက်ကို ရှောင်လိုက်ပေမယ့်....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"အ့.. ခွေးမသား!!" ဖြောင်း*

မောင့်ရဲ့ခါးစပ်နားကို ရှပ်ထိသွားတဲ့ ဓားချက်ကြောင့် မောင်က လက်ဝါးစောင်းနဲ့ ထိုလူ၏ဇက်ပိုးကိုတစ်ချက်ရိုက်ပြီး ဓားကိုင်ထားတဲ့လက်ကို တစ်ချက်ကန်လိုက်တော့ လက်ထဲကဓားကလွတ်ကျသွားသည်....

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now