Part - 3

2.8K 289 59
                                    

[ Unicode ]

"ငယ်က ကိုယ့်ရဲ့ ကလေးလေးလုပ်‌ပေးရမှာ"

"ဗျာ!"

"ဟုတ်တယ်! မဗျာနဲ့! လစာကတော့ ငယ်ပူဆာတာ အကုန်ဝယ်ပေးမယ်... ကိုယ့်ပိုင်ဆိုင်မှုတွေအကုန် ငယ့်ဟာ ဖြစ်သွားပြီ"

"ဗျာ!"

"ဟော! ကြည့်! တဗျာ‌ဗျာနဲ့ ဘာဖြစ်နေတာလဲ ငယ်ရဲ့"

"ဦးလေးကြီး တကယ်ပြောနေတာလား!"

"ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"

"အာ....မှားသွားလို့ဗျာ! အံ့ဩလွန်းလို့မှားသွားတာ"

"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်... နောက်တစ်ခါသတိထားပါ"

"ဟုတ်ကဲ့! ဘာဗျ!"

ဟုတ်ကဲ့လို့ပြောလာတဲ့ အကောင်ပေါက်က ယောင်ပြီးတော့ ပြောလိုက်မိတာ ထင်ပါတယ်... ပြီးတော့ပြန်အော်လိုက်တာများ အားကြီးနဲ့...

"ကျွန်တော်ကဘာလို့ သတိထားရမှာလဲ!"

"ဟောဗျာ မင်းလေးက ကိုယ်ကမ်းလှမ်းတာ လက်ခံတယ်မဟုတ်ဘူးလား"

"ကျွန်တော် ပြောမိလို့လား"

"မသိပါဘူး ကိုယ်က လက်ခံတယ်ထင်လို့"

"ခင်ဗျားကြီး ကျွန်တော့်ကို အလျော်ပေးရဦးမယ်လေ... အဲ့ဒါပြီးရင် ကျွန်တော်စဉ်းစားပေးမယ်"

"စဉ်းစားစရာလိုသေးလို့လား... ကိုယ့်ပိုင်ဆိုင်မှုတွေအားလုံးက ပေါက်စရဲ့အပိုင်ပါဆိုနေမှ"

"ခင်ဗျားကြီးကို ပေါက်စလို့ မခေါ်နဲ့လို့ ပြောနေတယ်လေ!'

"အော်လိုက်တာကွာ! မင်းကျတော့ရော ကိုယ့်ကို ခင်ဗျားကြီးလို့ဘဲခေါ်တာမဟုတ်ဘူး‌လား! ပြီးတော့ လျော်စရာလိုသေးလို့လား... ကိုယ်ပိုင်ဆိုင်သမျှကမင်းလေးဟာ ဖြစ်နေပြီဆိုတော့"

"ဟာ..... ခင်ဗျားဗျာ....."

"ဘာလဲ! လက်မခံဘူးလား!"

"........"

"နေ့ချင်းညချင်း သူဌေးဖြစ်မှာကို လက်ခံလိုက်ပါ ပေါက်စရယ်...ပြီးတော့ ဘာမှလုပ်စရာမလိုဘူး....ကိုယ့်အနားမှာနေပေးပြီး 'ကို'လို့ ခေါ်ရုံဘဲ"

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now