Part - 10

1.9K 232 47
                                    

[Unicode]

Junmyeon တစ်ယောက် Baekhyun ကိုကြည့်ကာ စဉ်းစားခန်းဖွင့်မိသည်.... Baekhyun, သူနဲ့နေတာသုံးလတောင်ပြည့်တော့မယ်....

စားပွဲခုံတွေကို သန့်ရှင်းရေးလုပ်နေတဲ့ ကလေးက ကိုယ်ဝန်ကြီးနဲ့မို့ ငြိမ်ငြိမ်ထိုင်နေပါလို့ပြောတာလည်းမရ...
ငါးလပြည့်ခါနီးဗိုက်လေးကလည်း ပူပူလုံးလုံးလေးနဲ့ အလုပ်ကို ဟိုစပ်စပ်ဒီစပ်စပ်လုပ်တတ်ပါသည်... ဒီလိုလုပ်နေမှ သူ့ကိုသတိမရမှာတဲ့... Junnie နားလည်ပါသည်... သူဆိုတာ ကလေးလေးရဲ့အဖေနောက်တစ်ယောက်ကိုပြောတာနေမှာ...

အိမ်မှာဆိုရင် တစ်ခါတလေ တမှိုင်မှိုင်တတွေတွေနဲ့ အပြင်ဘက်ကိုအမြဲတမ်းလှမ်းကြည့်နေတတ်တဲ့ကလေးပါ....
Baekhyunie ကို Xing ge ရဲ့တောင်းဆိုမှုကြောင့် စောင့်ရှောက်ထားတယ်ဆိုပေမယ့် Baekhyunie လေးက ကျွန်တော့်အတွက်တော့ တကယ့်ညီအရင်းလေးတစ်ယောက်လိုပါဘဲ.... သူမှိုင်တွေနေတဲ့အချိန်တွေဆိုရင် အတွေးတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် Junnie, သူ့ဘေးကနေ စကားတွေပေါက်ပေါက်သွားဖောက်ပါသည်... မဟုတ်ရင် အဲ့ကလေးက အပြင်ကိုဘဲ မျက်ရည်ရစ်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ဘဲ ကြည့်နေတတ်တာ....

"ဟင့်.. အီး ဟီး~~~~ ဗြဲ~~~~ ရွှတ်"

ဟင်!? Baekhyunie ငိုနေတာလား....

Junmyeon တွေးနေရာကနေ ငိုသံတွေကြားတာကြောင့် Baekhyun ကိုရှာရသည်...

Junmyeon, Baekhyun ကို စားပွဲတစ်ခုမှာထိုင်နေတာတွေ့လိုက်သည်... မျက်နှာလေးကိုကြည့်လိုက်တော့လည်း ငိုနေတာမဟုတ်....

တရားခံကတော့ Baekhyunie ဘေးက ကတုံးဆံပင်ပေါက်ကေနဲ့ကောင်လေး... ပင်ကွင်းပေါက်လေးအတိုင်းဘဲ... ဘေးကလည်း Baekhyunie က ခေါင်းလေးကိုပုတ်ပြီး ဘာတွေပြောနေတာလဲ မသိ.... ကြည့်ရတာ နှစ်သိမ့်ပေးနေတယ်ထင်ပါတယ်...

------------LITC-----------

Baekhyun စားပွဲတွေကိုသန့်ရှင်းရေးလုပ်နေတုန်းမှာ ငိုသံသေးသေးလေးတွေကိုကြားလိုက်ရသည်....

လျှောက်ရှာကြည့်မိတော့ စားပွဲတစ်ခုမှာကောင်လေးတစ်ယောက်ငိုနေတာကိုတွေ့လိုက်ရသည်... ဒီကောင်လေးကို Baekhyun သိပါတယ်... ဒီဆိုင်ကို ခဏခဏလာတတ်တယ်...ကိတ်မုန့်လေးတွေဝယ်လိုက် ကော်ဖီလေးတွေဝယ်လိုက်နဲ့ အမြဲတမ်းဖောက်သည်လိုဖြစ်နေတော့ Baekhyun ထိုကောင်လေးကိုမျက်မှန်းတန်းမိနေတာကြာပြီ... အခုဘာလို့ငိုနေတာလဲ မသိ...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Hikayelerin yaşadığı yer. Şimdi keşfedin