Part - 9

2K 221 34
                                    

[Unicode]

"ကို!! တော်တော့လို့ ငယ်ပြောနေတယ်လေ!!"

"ငယ်~~~ ကိုယ့်ကြောင့်..ကိုယ့်ကြောင့်နဲ့..hyung က.."

"ကို့ကြောင့် မဟုတ်ပါဘူး...ကံတရားကြောင့်ပါ ကိုရယ်...ဆိုးရွားလွန်းတဲ့ကံတရားကြောင့်ပါ"

ငိုနေပြန်တဲ့ချစ်ရသူအား ကိုယ့်ရင်ခွင်သေးသေးလေးထဲကိုထည့်ကာ နှစ်သိမ့်ပေးမိသည်....

"Hyung က.."

"လျှောက်မတွေးနဲ့တော့နော်...အားလုံးက ကံတရားရဲ့စေညွှန်ရာအတိုင်းဖြစ်လာတာ...ဘယ်သူကြောင့်မှလည်းမဟုတ်သလို ဘယ်သူမှလည်း ကံတရားကို ဖန်တီးယူလို့မရနိုင်ဘူး..."

ကိုယ့်ရဲ့ရင်ခွင်ထဲမှာ ငိုရှိုက်နေတဲ့ချစ်ရသူရဲ့ခေါင်းမှာသွေးတွေရွှဲလို့....
အပေါ်မှ အလိုက်မသိကျဆင်းနေတဲ့ ရေပန်းကရေတွေကြောင့်လည်း ရေချိုးခန်းတစ်ခုလုံးက ရဲရဲနီခဲ့ပြီ....

ချစ်ရသူရဲ့ ရင်ထဲကဒဏ်ရာတွေကို မသိနိုင်ပေမယ့် ဒီလိုခံစားနေတဲ့ပုံစံကိုတွေ့ရတော့ မျက်နှာလွှဲခဲပစ်နေရအောင်လည်း Kyungsoo အသည်းမမာနိုင်ဘူးလေ....

ကို ပြောပုံအရဆိုရင် ကို့ကြောင့်နဲ့ သူ့ hyung က တစ်ခုခုဖြစ်ခဲ့လို့လား...
ဒါမှမဟုတ် တစ်ခုခုကို ဆုံးရှုံးခဲ့ရလို့လား....

Kyungsoo ဆုံးဖြတ်ချက်တစ်ခုချမှရမည်...
မဟုတ်ရင် ကိုက တွေးမိတွေးရာလျှောက်တွေးပြီး ဝမ်းနည်းတဲ့အခါတိုင်းမှာ သူ့ကိုသူ နာကျင်အောင်လုပ်တတ်တယ်ဆိုတာ ကို့အနားမှာ နေနေတဲ့အချိန်အတိုင်းအတာအရ သိခဲ့ပြီးပြီလေ....

Kyungsoo ကို့ရဲ့အနားမှာနေပြီး ကို့ကိုနှစ်သိမ့်ပေးရမယ်....
ကို့အတွက် အထောက်အကူ မဖြစ်မှန်းသိပေမယ့် ကျွန်တော့်ချစ်ရသူအတွက် ဒီလောက်တော့လုပ်ပေးသင့်တယ်မလား....

ငယ်ရဲ့ချစ်ရသူမှာ ဒဏ်ရာဒဏ်ချက်တွေရနေတာကို ရင်အကွဲခံပြီးကြည့်မနေနိုင်ဘူး ကို.....
ငယ်ရဲ့ရင်ခွင်ထဲမှာဘဲ လုံခြုံအောင် ထွေးပိုက်ပေးထားချင်တယ်....မလုံခြုံဘူးဆိုတာသိရက်နဲ့ပေါ့....

ငယ့်ရဲ့အချစ်တွေနဲ့ ကို့ရဲ့ ဒဏ်ရာတွေကို ပြန်ပြီးကုစားပေးရင် ကို လက်ခံမှာလား....
ငယ့်ရဲ့ရင်ခွင်သေးသေးလေးထဲမှာဘဲ ပျော်မွေ့နိုင်မလား ကို....
ငယ့်ရဲ့မပြည့်စုံတဲ့ဘဝလေးကို ကို့ကိုအပိုင်ပေးမှာမလို့ လက်ခံပေးနိုင်မလား....

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now