Part - 20

1.6K 185 60
                                    

[Unicode]

"မောင်.. မောင်.."

"Hyung သတိရပြီလား"

"Baekhyun hyung.."

"Baekhyunie.."

ခေါ်သံတွေကြားလို့ Baekhyun မျက်လုံးဖွင့်ကြည့်မိတော့ ဘေးမှာ Jonginnee, Kyungsoo နဲ့ Junnie... လက်ကလည်းဆေးပိုက်တွေနဲ့... ငါကဆေးရုံမှာဆိုရင် မောင်ကရော...

"Jonginnee မောင်ရောဟင်.. လမ်းပေါ်ကိုမောင်က တစ်ယောက်တည်း.. ကားတွေနဲ့.."

"Hyung!! အဲ့လူက hyung ကိုဒုက္ခပေးထားတာကို hyung မို့လို့ဗျာ.. hyung မို့လို့ သူ့အတွက်စိတ်ပူနေတယ်... ကျွန်တော်နောက်ကျတာနဲ့ ဗိုက်ထဲကကလေးဘာဖြစ်သွားမယ်ထင်လဲ... တောက်ခ်*"

"ကို! တော်ပြီလေ"

Hyung က သတိရရချင်း ဟိုလူကိုတမ်းတပြီးစိတ်ပူနေလို့ Jongin ဒေါသထွက်ပြီး hyung ကိုအော်လိုက်မိတာကို ဘေးက ငယ်ကဝင်ထိန်းပေးရှာသည်...

"Baekhyunie တစ်ခုခုမစားချင်ဘူးလား...
Junnie တစ်ခုခုလုပ်ပေးရမလား"

ဘေးကကြည့်နေတဲ့ Junmyeon က Baekhyun ကိုအာရုံပြောင်းရန် ဝင်မေးလိုက်သည်...

"ဟင့်အင်း.. မစားချင်ဘူး"

"ဟင်းးးး ကျွန်တော်ဆရာဝန်သွားခေါ်လိုက်ဦးမယ် Junmyeon hyung"

"ဪ... အေးအေး"

ခေါင်းခါကာငြင်းသည့် Baekhyun ကိုကြည့်ပြီး Jongin ကသက်ပြင်းရှည်ကြီးတစ်ချက်ကိုချသည်... ထို့နောက် ဆရာဝန်သွားခေါ်လိုက်ဦးမယ်ပြောလာတော့ Junmyeon ယောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်...

ခဏအကြာမှာ ဆရာဝန်တွေရောက်လာသည်...

"လန့်ပြီး သွေးဆင်းတာပါ... အခုတော့ စိုးရိမ်စရာမရှိတော့ပေမယ့် နောက်တစ်ခါဆိုရင် အာမမခံနိုင်တော့ပါဘူး... အဲ့ဒီတော့ အနေအထိုင်ဆင်ခြင်ဖို့ဘဲ ကျွန်တော်တို့ဘက်ကတိုက်တွန်းချင်ပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"

လာစမ်းသပ်တဲ့ဆရာဝန်တွေကို Jongin က ခါးကိုင်းပြီးလေးစားပြပေမယ့် ကုတင်ပေါ်ကဗိုက်ပူပူနဲ့ကောင်လေးက တစ်ဖက်ကိုမျက်နှာလွှဲထားသည်...

"Jongin နဲ့ Kyungsoo... မင်းတို့ ပြန်ပြီးနားချင်နားလေ... Baekhyunie ကိုငါကြည့်ထားလိုက်မယ်"

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now