Part - 24

1.3K 156 79
                                    

BGM-Hug me(covered by Chanyeol)☝️

[Unicode]

ကုတင်ပေါ်မှာ အိပ်နေတဲ့မောင့်ကိုကြည့်ရင်း တဆစ်ဆစ်နာကျင်လာတဲ့ ဘယ်ဘက်ရင်အုံထက်ကို လက်ကလေးတစ်ဖက်နဲ့ဖိရင်း Baekhyun အသံတိတ်ငိုကြွေးမိပြန်ပြီ...

ဘယ်လောက်မှမလိုတော့တဲ့ အချိန်အတွင်းမှာ မောင့်ကိုဆွဲထားနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ... ဘာတွေလုပ်ရမလဲ မသိတော့ဘူး...

မောင်က ပြန်လာခဲ့ပါတယ်...
ကျွန်တော့်အတွက် ပြန်လာပေးခဲ့တယ်...

အဲ့ဒီနောက်ပိုင်းကစပြီး မောင်အမြဲတမ်းပြောတဲ့စကားတစ်ခွန်း...

"မောင်က သည်းငယ်ကို နှုတ်မဆက်ဘဲ ဘယ်တော့မှထွက်မသွားဘူး" တဲ့...

တစ်စတစ်စပိုဆိုးလာတဲ့ ရောဂါအခြေအနေအောက်မှာ မောင်ခံစားနေရတဲ့ဝေဒနာတွေကြောင့် တစ်ခါတလေမှာ မောင့်ကို လက်လွှတ်ပေးလိုက်ရင်ကောင်းမလားဆိုတဲ့ စိတ်တွေက အမြဲလှိုင်းထန်လာပြန်သည်...

ဒါပေမယ့်လည်း မောင်ရယ်...
ကျွန်တော့်အနားမှာဘဲ မောင့်ကိုရှိနေစေချင်တဲ့စိတ်တွေက အနိုင်ရသွားတဲ့အခါ ကျွန်တော် အတ္တကြီးမိနေတယ်...
မောင့်ရဲ့နာကျင်မှုတွေကိုလျစ်လျူရှုလို့ မောင့်အပေါ်မှာ ကျွန်တော် အရမ်းကိုအတ္တကြီးမိနေတယ်...

ကျွန်တော်မျက်ရည်တွေကျတိုင်းသာ မောင်ဝေဒနာတွေသက်သာမယ်ဆိုရင် ကျွန်တော်မျက်ရည်တွေခြောက်ခန်းတဲ့အထိငိုနေမှာ...

ကျွန်တော့်ရင်တွေနာကျင်ရတိုင်းသာ မောင့်ရဲ့နာကျင်မှုတွေလျော့ပါးသွားရင် ကျွန်တော့်ရင်ဘတ်ကြီးကိုလည်း ခွဲပေးမှာ...

ဒါပေမယ့်လည်း မောင်ရယ်~~~

Baekhyun မျက်နှာကို လက်ဖဝါးနှစ်ဖက်ထဲနှစ်ကာ ငိုချပစ်လိုက်သည်... အသံထွက်ကာငိုလိုက်ချင်ပေမယ့် သူငိုတာ မောင်ကြားရင် နာကျင်နေရဦးမှာလေ... ဝေဒနာတွေကြားထဲကမောင့်ကို ထပ်ပြီးနာကျင်မှုတွေ မပေးချင်တော့ပါ...

မျက်ရည်တွေက လက်ဖဝါးနှစ်ဖက်ကြားကနေ ကြမ်းပြင်ပေါ်ကိုတပေါက်ပေါက် ကျဆင်းနေပြီ...
ငိုရလွန်းလို့ မျက်လုံးတွေလည်းအောင့်လှပြီ...
အောင့်အီးသည်းခံထားခဲ့တဲ့ ခံစားချက်တွေကလည်း ရင်ဘတ်ထဲမှာဘဲ ပေါက်ကွဲနေသယောင်...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now