Part - 13

1.8K 211 59
                                    

[Unicode]

"Junnie ဘာတွေချက်နေတာလဲ... မွှေးနေတာဘဲ... သွားရည်တောင်ကျလာပြီ"

ကျွန်တော်ပြန်လာတော့ မီးဖိုချောင်ထဲမှာ တလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေပါတဲ့ Junnie...

"Baekhyunie ပြန်လာပြီလား... ဒီက ဟင်းရည်လေးရရင် စားလို့ရပြီ... ပြန်လာတာ စောသားဘဲ... ဆိုင်ကိုတန်းလာခဲ့မယ်ဆိုပြီးတော့.."

"ဟုတ်တယ် အစောကြီးပြန်လာတာ... Junnie လက်ရာကိုမစားရရင်မနေနိုင်လို့.."

စိတ်ထဲကမပါတဲ့အလိမ်အညာစကား‌တွေကို‌ပြောပြီး Junnie ချက်ပြုတ်ပြီးစားပွဲချထားတဲ့ ဟင်းခွက်တွေထဲက နှိုက်စားနေလိုက်သည်...

"ဟာ... ဒီကောင်လေးကတော့ ဒီတိုင်းနှိုက်စားနေရအောင် လက်ဆေးပြီးပြီလား"

"ဟီး... မဆေးရသေးဝူး... ဗိုက်ဆာလို့ ဒီတိုင်းနှိုက်စားလိုက်တာ"

ဆူတယ်လို့မဟုတ်ပါဘဲ ဒီတိုင်းမာန်မဲလိုက်တဲ့ Junnie ကို Baekhyun သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ရယ်ပြလိုက်သည်...

"သွား! သွား! လက်ဆေးဦး!"

"Yes sir!"

မျက်နှာပြောင်ပြီး Junnie ကို အလေးပြုတဲ့ပုံစံလေးလုပ်ပြလိုက်သည်...

ဒီနေ့ Baekhyun တို့ ပျော်လွန်းလို့မျက်နှာရူးနေတာလေ...

မနက်က မောင်မနိုးခင်အစောကြီးထပြီး မနက်စာပြင်ပေးထားခဲ့သည်... နိုးနိုးချင်း အဖျားရှိသေးလားလို့ နဖူးကိုစမ်းကြည့်တော့ အဖျားကျသွားတဲ့မောင်က အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေတာမို့ မောင့်ရဲ့မျက်နှာအနှံ့ကို Baekhyun ခိုးနမ်းခဲ့ပါသည်... အနမ်းသူခိုးလေး Baekhyun ပါ... ဟိဟိ...

မောင့်အတွက် မနက်စာပြင်ပေးထားခဲ့ပြီး စားပွဲပေါ်မှာ သေချာအုပ်ထားပေးခဲ့သည်...
နေမကောင်းထားတာဆိုတော့ ဆန်ပြုတ်လေးဘဲပြုတ်ထားပေးခဲ့သည်... မောင်က နေမကောင်းတဲ့အချိန်ဆိုရင် ခရုဆန်ပြုတ်တစ်ခုကလွဲပြီး ဘာမှစားတတ်တာမဟုတ်မှန်းသိတာကြောင့်ပင်...

Baekhyun စိတ်ထဲကအတိုင်းသာဆိုရင် မောင်နဲ့ မနက်စာအတူတူစားချင်ပါသည်...
ဒါပေမယ့် နေမကောင်းနေတဲ့အချိန်မှာ စိတ်ဆတ်တတ်တဲ့မောင့်ကြောင့် မောင်မနိုးခင်ထလာခဲ့သည်... မောင်နိုးလာတဲ့အခါ မတွေ့ချင်တဲ့ သူ့မျက်နှာကိုတွေ့လိုက်ရင် မောင် စားမဝင်ဘဲနေမှာ‌ဆိုးလို့ပါ...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now