Part 32 (Unicode)

14.2K 2.1K 129
                                    

မြင့်မြတ်သောမျိုးနွယ်စုမှ ဆင်းသက်လာသည် မဟုတ်သော်လည်း ကြွယ်ဝချမ်းသာမှုတွင်တော့ ဒါမီဒယ်တို့မိသားစုကို ပုံပေမြို့တွင် ယှဉ်နိုင်သူမရှိ။ အိမ်ကြီး၏ ဘယ်နေရာကြည့်ကြည့် အဖိုးတန် စကျင်ကျောက်တိုင်များ၊ အီဂျစ်ပြည်မှ ပရိဘောဂအသုံးအဆောင်များ၊ ဆင်စွယ်သားအနုပညာလက်ရာများဖြင့် နိဗ္ဗာန်ဘုံနန်းသို့ ရောက်နေရသည်လား အမှတ်မှားရသည်။

ညစာစားပွဲကြီးသည် ယခင်အချိန်များကလို ကပွဲတွေ၊ ဖျော်ဖြေပွဲတွေနှင့် မဟုတ်။ အင်ပါယာရှင် ဆုံးပါးသည့်သတင်းသည် သူတို့အားလုံးအတွက် ပျော်ရွှင်စရာမဟုတ်သောကြောင့် ဆွေးနွေးတိုင်ပင်စရာများ ကိုသာ တီးတိုးပြောကြားရန် ရည်ရွယ်တည်ခင်းခြင်း ဖြစ်သည်။ အမျိုးသမီးများ မပါဝင်။ စိတ်ချယုံကြည်ရသူ အစေခံများနှင့် လုလိယက်စ်၊ ဒါမီဒယ်နှင့် ဖခင်ဖြစ်သူတို့သာ ရှိသည်။

ဒါမီဒယ်၏ ညာဘက်အခြမ်းတွင်တော့ လုလိယက်စ် တစ်ခါမှမမြင်ဖူးသည့် အသက်သုံးဆယ်ကျော်ခန့် လူတစ်ယောက် လဲလျောင်းနေသည်။ နှာခေါင်းပြားပြား၊ မေးငေါငေါနှင့် ကြမ်းတမ်းသည့် ရုပ်ရည်ရှိမည့်ဟန် ထင်ရသော်လည်း မျက်လုံးများက နူးညံ့သိမ်မွေ့ကြောင်း ဖော်ပြနေသည်။ အဖိုးတန် ဝတ်စုံကြောင့် အာဏာရှိသူ၊ ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်လိမ့်မည်ဟု အကဲခတ်နိုင်သည်။

အရွယ်ရောက်လာပြီဖြစ်သော ဒီဒီရာလေးကို အိမ်ထောင်ရက်သား ချပေးဖို့ရန် အတွက် ဒါမီဒယ်တို့ ပူပန်နေခဲ့ကြသည်။ အိမ်ထောင်ဖက်အဖြစ်လက်ခံဖို့ရန် လုလိယက်စ်မှ ငြင်းပြီးချိန်ကတည်းက သူမနှင့် သင့်တော်မည့်သူတစ်ယောက်ကို ဒါမီဒယ်ရော၊ မိဘများကပါ အပင်ပန်းခံ ရှာဖွေနေခဲ့ကြသည်။ ယခုလုလိယက်စ်ရှေ့မှာ ရှိနေသူသည် ဒီဒီရာလေးအတွက် ရာထားခံရသော အိမ်ထောင်ဖက် တစ်ယောက်ဖြစ်သည်။ ဒီအကြောင်းကို လုလိယက်စ်ရောက်လာကတည်းက ဒါမီဒယ်မှ အသိပေးပြောကြားခဲ့ပြီး ဖြစ်သည်။

"သူက ငါ့ရဲ့ အသိမိတ်ဆွေတစ်ယောက်ပဲ လုလိယက်စ်။ ပုံပေကိုရောက်တာ မကြာသေးဘူး။"

"ခင်မင်ခွင့်ရတာကို ဝမ်းသာပါတယ် အရှင်လုလိယက်စ်။"

"ကျွန်တော်လည်း ဝမ်းသာပါတယ်။"

ထာ၀ရ ပုံပေWhere stories live. Discover now