ep-2

3.9K 254 2
                                    

(Unicode)

ချစ်ခြင်းသည် သံယောဇဉ်တို့ဖြင့်နှောင်ဖွဲ့တတ်သည်လား????

wenhanဆိုတာ yiboအတွက် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းဖြစ်ခဲ့တာအသေချာပါပဲ။

yiboရဲ့ ပါပါးက wenhanတို့အိမ်ရဲ့ driver ဖြစ်သည်။yiboမားကတော့ yiboကိုမွေးရင်းအသက်ပေးခဲ့ရသည်တဲ့။
အမိမဲ့သားဘဝကိုစာနာတဲ့ wenhanရဲ့မိဘတေက yiboကို သူတို့နဲ့အတူနေစေပီး yiboရဲ့ပညာရေးကိုလဲအထောက်အပံပေးခဲ့သည်။

မူလတန်းတုန်းက wenhanမှာ yiboတယောက်သာသူငယ်ချင်းရှိပီး အလယ်တန်းရောက်တော့ yangziနဲ့fanxingဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တိုးလာခဲ့သည်။
fanxingက yiboလိုပဲမပြည့်စုံသည့်မိသားစုက, မွေးချင်းလေးယောက်ရှိပီး fanxingက ဒုတိယမြောက်သား..fanxing ရဲ့ပါပါးက companyတခုရဲ့ မန်နေဂျာဖြစ်ကာ မာမားကခေါက်ဆွဲဆိုင်ဖွင့်ထားသည်။ဝင်ငွေမဆိုးလှသော်လဲ မွေးချင်းများလို့လောက်ငရုံသာ။
yangziကတော့ ziwai groupရဲ့ တစ်ဦးတည်းသောသမီး ပီးတော့ yangziရဲ့မားက နာမည်ကြီးfashion designerတယောက်မို့ ပြောမပြတတ်အောင်ချမ်းသာပါသည်။

yiboနဲ့yangziက ပြိုင်ဘက်မဟုတ်ပေမယ့် ယှဥ်ဘက်တော့ဖြစ်ခဲ့သည်။အခန်းတူတဲ့သူတို့နှစ်ယောက်က ပထမနေရာကိုလုနေကျ။ ဒါပေမယ့် ဂိုက်ကောင်းကောင်းယူနိုင်ပီးစာလုပ်ချိန်အများကြီးရှိတဲ့ yangziက အမြဲနိုင်ပါသည်။
wenhanကလဲ သူတို့အခန်းမှာအမြဲပထမရယူကာ yangziနဲ့အပြိုင်ရှိတတ်သူ။

" yangzi ဒီအပတ်ရော နင်ပထမပဲလား"

"အင်း နင်ကရော"

"အတူတူပဲပေါ့ နင်ပထမဆို ငါလဲပထမပဲရချင်တာ"

"ဘာ lewenhan နင်က ငါ့ကိုပြိုင်နေတာလား!"

"No! ငါကနင်နဲ့ level တစ်ခုထဲမှာရှိချင်တာဟ"

"ဒါဆို ငါ ဒုတိယဖြစ်သွားရင်ကော?"

"ငါလဲ ဒုတိယဖြစ်အောင် လျော့ဖြေခဲ့မှာပေါ့"

"အူကြောင်ကြောင်နဲ့ ငါတို့အခန်းမှာ ငါပထမဆို yiboကဒုတိယ yiboပထမဆို ငါကဒုတိယပဲ,
နင် ပထမရရ ဒုတိယရရ ငါတို့နှစ်ယောက်ထဲကတစ်ယောက်နဲ့တူမှာပဲ"

"ငါက နင်နဲ့ပဲတူချင်တာyangziရဲ့ ပြီးတော့နင့်ကိုပြိုင်တာမဟုတ်ဘူး ညီအောင်ညှိတာ"

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now