ep-11

2.5K 238 11
                                    

(Unicode)

"ရော့ yibo နင့်အတွက်မွေးနေ့လက်ဆောင်"

မနက်ပိုင်းဂျူတီဝင်ပီး နေ့လယ်ပြန်အထွက်မှာပဲ yangziက လှလှပပထုပ်ပိုးထားတဲ့ဘူးလေးကိုပေးလာသည်။

"ဘာကြီးလဲ yangzi"

"နင့်ဘာသာဖွင့်ကြည့်လေ ငါပြောတာမှတ်မိလား နင်လိုချင်တဲ့ဟာဖြစ်စေရမယ်ဆိုတာ"

မွေးနေ့တုန်းက yangziပြောခဲ့တာကို ပြန်သတိရမိသည်။

"ငါသွားပီ ခဏနေရင်ဂျူတီဝင်ရမှာမို့၊နင်လဲ နားတော့လေ"

"အင်း ကျေးဇူးပဲ yangzi"

yibo လက်ဆောင်ဘူးလေးကိုယူပီး  male nurse တေအတွက်သီးသန့်ပေးထားတဲ့နားနေခန်းသို့ထွက်လာခဲ့သည်။yangziက မွေးနေ့လက်ဆောင်ကို နောက်မှပေးမယ်ပြောထားတာကို သူမေ့တောင်နေပီ။
အခုမှ ဘာစိတ်ကူးပေါက်ပီးပေးလာသည်မသိ။

နားနေခန်းထဲရောက်တော့ လူရှင်းနေသည်။အခန်းထောင့်ကခုတင်လေးမှာ ညဂျူတီဝင်ထားရတဲ့ fanxingက နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့။

နေ့လယ်သုံးနာရီမှ ဂျူတီပြန်ဝင်ရမှာမို့ yiboအတွက် နားချိန် နှစ်နာရီလောက်ရသေးတာကြောင့် ထမင်းမစားသေးဘဲ လက်ဆောင်ဘူးလေးကိုသာအရင်ဖွင့်ဖောက်လိုက်သည်။

ပါကင်စက္ကူပတ်လေး ပြေသွားတော့ အနက်ရောင်ကတ္တီပါဘူးလေးကိုတွေ့ရတာကြောင့် ရင်ထဲမှာထိတ်ခနဲ။ တန်ဖိုးကြီးပစ္စည်းတစ်ခုခုများလား။ဒါမျိုးတော့ yangziဆီကမလိုချင်ပါ။

အတွေးနဲ့ကတ္တီပါဘူးလေးကို ဖွင့်ကြည့်လိုက်တော့ yiboမျက်လုံးတေပြူးကျယ်ကာ အံဩသွားရသည်။
ကတ္တီပါဘူးထဲမှာ ဆွဲကြိုးလေး တိတိကျကျပြောရရင် yangziကို wenhanမွေးနေ့လက်ဆောင်ပေးထားတဲ့ဆွဲကြိုးလေး။
wenhanက yangziရဲ့မွေးနေ့တောင်မရောက်သေးပဲနဲ့ ကြိုပေးထားရှာတာ။
ဒါကို yangziက yiboကိုပြန်ပီးလက်ဆောင်ပေးသည်တဲ့လား။
လက်ဆောင်အတွက် yiboဘယ်လိုမှမကြည်နူးနိုင်တော့။
wenhanပေးတဲ့လက်ဆောင်ကို yangziက ဘာကြောင့်ပြန်ပေးရတာတဲ့လဲ။
မဖြစ်သင့်တာကြီးကို။

yiboအတွက်မွေးနေ့လက်ဆောင်ကို wenhanကအပျော်အပျက်လုပ်ကာပေးခဲ့သည်။
yibo မြွေကို ရွံတတ်ကြောက်တတ်တာ သိသိနဲ့ကိုပေးခဲ့တာ။
yangziအတွက်ကျတော့ ဆွဲကြိုးလှလှလေးတဲ့။

အခန်းဆက်သီချင်း(ZhanYi)حيث تعيش القصص. اكتشف الآن