ep-25

4.9K 294 72
                                    

(Unicode)

yiboနဲ့ပတ်သက်ပီး xiaozhanရဲ့သဘောထားနဲ့နှလုံးသားကို ကြာလာလေသိမြင်လေ သိလာလေ လိပ်ပြာမလုံလေဖြစ်ရသည်။

xiaozhan အတင်းခေါ်လို့ studioကိုလိုက်သွားသည့်နေ့က

"ဒါ ကျွန်တော့ကောင်လေးလေ wengyiboတဲ့"

တီးဝိုင်းသမားတေ၊တေးရေးဆရာတေက yiboကို ဝိုင်းဝန်းကြည့်ကြရင်း

"Wow xiaozhan.. studioကို ခေါ်လာပီးမိတ်ဆက်ပေးတဲ့အထိဆိုတော့ ဒီတစ်ခါအတည်ကြီးထင်တယ် ဘယ်တော့စားရမှာလဲ ငါ့ကောင်"

"မကြာခင်ပေါ့ Da'Ge ရာ...မကြာ..မီ လာမည်..မျှော် ဟား ဟား ဟား"

"xiaozhan ဘာတေလျှောက်ပြောနေတာလဲ"

yiboမျက်နှာတေနီနီနဲ့ xiaozhanလက်ကို ကုပ်ကာတားတော့ xiaozhanက ကြည်နူးစွာပြုံးရင်း

"တကယ်ပြောတာ ခလေးရဲ့...ခလေးသာအဆင်ပြေမယ်ဆို မောင်က အခုချက်ချင်းတောင်လက်ထပ်ချင်တာ"

"ကြိုက်မရှက် ငိုက်မရှက်လုပ်မနေနဲ့ xiaozhan မင်းဟာလေးရှက်နေပီကွ"

သူငယ်ချင်းအပေါင်းသင်းတေကရယ်ရယ်မောမောနဲ့စနောက်ရင်း yiboနဲ့xiaozhanတို့အခြေအနေကိုလက်ခံပုံရကြပေမယ့် yiboစိုးထိတ်နေမိသည်...ကိုယ့်အကြောင်းကိုယ်သာသိမလား။

xiaozhanက သူတို့နှစ်ယောက်ပတ်သက်မှုကိုဝန်ခံချပြဖို့ဝန်မလေးတတ်သလို yiboရဲ့သဘောထားကိုလဲအလေးထားတတ်သည်။

"ကြော်ငြာတစ်ခုလာအပ်တာ နယ်ဘက်ကိုသွားရိုက်ရမှာဆိုလို့ လက်မခံလိုက်ဘူး ခလေးကိုခေါ်သွားလို့မရလို့"

"အလုပ်ကို အလုပ်လိုလုပ်ပါ xiaozhanရဲ့ ကျွန်တော်နဲ့က ဘယ်ချိန်တွေ့တွေ့ရနေတာကို"

"တစ်ပတ်တောင်ကြာမှာခလေးရဲ့ မောင်အဲ့လောက်ကြီး ခလေးနဲ့မခွဲနိုင်ဘူး"

"ဒုက္ခပဲ ခင်များနဲ့တော့ စိတ်ညစ်ပါတယ်"

"ဟာ...မောင်က ခလေးစိတ်ညစ်အောင်ဘာလုပ်လို့လဲ"

"ဒါကထားလိုက်တော့ တစ်နေ့က interview မှာလျှောက်ဖြေထားခဲ့တာကရော"

"ဘာလဲ ရည်းစားရှိနေပီလားဆိုတဲ့မေးခွန်းရဲ့အဖြေကိုပြောတာလား"

You've reached the end of published parts.

⏰ Last updated: Jul 13, 2020 ⏰

Add this story to your Library to get notified about new parts!

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now