ep-4

3K 228 0
                                    

(Unicode)

XiaoZhan' POV

"Zhan မင်း ဟိုတနေ့က ဘယ်သွားတာလဲ"

ရေချိုးပီးထွက်လာတော့ အခန်းထဲကိုဘယ်ချိန်ထဲကရောက်နေမှန်းမသိတဲ့ Le Jieရဲ့ သံသယအကြည့်နဲ့အမေးကို zhanရင်ဆိုင်လိုက်ရသည်။

"ဘယ်နေ့ကလဲ jie"

"အူတူတူမလုပ်နဲ့ ပီးခဲ့တဲ့ Mondayကိုပြောနေတာ"

"Innnn!! အဲ့နေ့က studioထင်တယ်.. မေ့တေ့တေ့တောင်ဖြစ်နေပီ, အလုပ်တေက များ..."

"လာလိမ်ဖို့ ကြိုးစားမနေနဲ့ အဲ့နေ့က မင်းကို coffee houseမှာတွေ့တယ်လို့ သတင်းအတိအကျ ရပီးပီ"
zhan ပခုံးတွန့်ပီးပြုံးမိသည်။

အစ်မနှစ်ယောက်ရဲ့ အရိပ်အောက်မှာနေရတာ တခါတခါတော့လဲ တကယ်စိတ်ညစ်ဖို့ကောင်းသည်။ဘာလုပ်လုပ် ဘယ်သွားသွား အရိပ်လိုစောင့်ကြည့်ခိုင်းထားသည်။သူဘူးကွယ်လို့ မရတော့မှန်းသိတာမို့

"အဟဲ"

"ပြောင်စပ်စပ်လုပ်မနေနဲ့"

"မလုပ်ပါဘူး jieရဲ့ အခုမှသတိရလို့ ဟုတ်တယ် တေးရေးဆရာနဲ့တွေ့ပီးအပြန် ဗိုက်ဆာလို့ဝင်စားတာ"

"အတူထိုင်နေတဲ့ ကောင်မလေးကရော ဘယ်သူလဲ"

Mayy Sue ကို အာရုံထဲမှာဖြတ်ခနဲမြင်သည်။ကြည်နူးကောင်းနေရတာနဲ့ ပတ်ဝန်းကျင်ကိုသတိထားဖို့မေ့သွားခဲ့တာ။

"jieပြောတဲ့ ကောင်မလေးနာမည်ကို zhanမမှတ်မိတော့ဘူး"

"ဘာရယ်! ဘယ်လို"

"ဟုတ်တယ်လေ ဘယ်သူမှမမှတ်မိအောင် ရုပ်ဖျက်ပီးထိုင်နေတုန်း အဲ့fan girlလေးက မှတ်မိသွားပီးစကားတေလာပြောနေတာ နားကိုငြီးနေရောပဲ"

"jieကြားတာတော့ zhanကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့စကားပြောနေတာ ရယ်လို့မောလို့တဲ့"

"အာ jieကလဲ ကိုယ့်ကိုအားပေးနေတဲ့ပရိတ်သတ်ကလာပီးမိတ်ဆက်တာကို ရယ်မောစကားမပြောလို့ ငိုပြောရမှာလား ဟုတ်တယ်"

သူကခပ်တည်တည်နဲ့လှိမ့်နေသော်လဲ jieကစမေးစလောက်မဆိုးပေမယ့်ယုံတော့ယုံတဲ့ပုံမပေါ်သေး

"ဗိုက်ဆာလဲ အိမ်ရောက်မှစားပေါ့ zhanရဲ့ အရမ်းဆာနေလဲ private roomယူပီးစားပေါ့ ခုဟာကလူမြင်သူမြင်ဖြစ်ပီး ပြောစရာဖြစ်ပီပေါ့"

အခန်းဆက်သီချင်း(ZhanYi)Donde viven las historias. Descúbrelo ahora