ep-23

2.3K 242 46
                                    

(Unicode)

"xiaozhanကို မင်းတကယ်ချစ်လို့လား yibo"

fanxing မေးခွန်းကမခက်ခဲပါပဲ yiboပြန်မဖြေနိုင်ခဲ့။

"အမှန်အတိုင်းပြောရရင် xiaozhanကိုလက်ခံခဲ့တာ yangziကြောင့်ပဲ"

"yangziကို နိုင်ချင်တာကြောင့်ပေါ့ ဟုတ်လား"

"နိုင်ချင်တယ်ဆိုတာထက် ငါ့ကိုထင်သလိုစွပ်စွဲပီးစော်ကားတိုက်ခိုက်နေတာကို ခံရခက်လို့ ပြန်တိုက်ခိုက်လိုက်တာ"

fanxingက ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့သက်ပြင်းကိုရှိုက်သည်။သူငယ်ချင်းတေကြားမှာအမုန်းပွားစရာတွေ ဖြစ်လာတာတော့မကောင်းဘူးမလား။yiboစိတ်ကိုလည်းနားလည်တာမို့ အပြစ်တော့မတင်ချင်ပါ။

wenhanကိုချစ်ခဲ့တဲ့တစ်ချိန်လုံး yiboဘယ်လောက်နာကျင်ခံစားခဲ့ရလဲ fanxingအသိဆုံး။
wenhanက yangziကိုတန်းတန်းစွဲဖြစ်နေလို့ yiboနာကျင်ရပေမယ့် yangziကိုတစ်ခါမှအပြစ်မတင်ခဲ့ဘူး။

yangziအလှည့်ကျမှ xiaozhanအတွက် yiboကိုခါးခါးသီးမုန်းသွားတာတော့မဖြစ်သင့်ဘူးလို့ထင်သည်။

"တကယ်ဆို xiaozhan ငါ့ကိုစိတ်ဝင်စားနေတာကို ငါသိတယ် fanxing၊ငါ ငြင်းခဲ့တယ်...ဒါပေမယ့် ငါမလုပ်တာတေကိုစွပ်စွဲပြောဆိုနေတော့ ငါရွဲ့ချင်လာတယ် ငါနာကျင်ရသလိုနာကျင်စေချင်လာတယ်"

"ငါ မင်းကိုနားလည်တယ် yibo...ပြီးတော့ xiaozhanက မင်းကိုတကယ်ချစ်တာလဲ ငါယုံတယ်"

fanxingပြောသလို xiaozhanသူ့ကိုတကယ်ချစ်မနေစေချင်ပါ။

"မင်းတကယ်မချစ်ဘဲ xiaozhanကိုလက်ခံလိုက်တာ မကောင်းဘူးထင်တာပဲ၊xiaozhanဘက်ကိုလဲငဲ့ကြည့်သင့်တယ်"

fanxingဆီကပြန်ခဲ့တဲ့လမ်းတစ်လျှောက်လုံး fanxingစကားတေကိုကြားယောင်မိနေတာအထပ်ထပ်...သူ တကယ်ပဲ xiaozhanဘက်ကိုထည့်မတွေးမိခဲ့ပါ။

Taxiက တိုက်ခန်းရှိရာအဆောက်အဦရှေ့ထိုးရပ်ပေးတော့ ရပ်ထားတဲ့ wenhanကားကိုတွေ့ရသည်။
yibo Taxiပေါ်ကအဆင်းမှာ wenhanလဲ သူ့ကားပေါ်ကဆင်းလာခဲ့သည်။

"ငါ မင်းကိုစောင့်နေတာ yibo"

wenhanကိုကြည့်ရတာ ပျော်နေသလိုပဲ။

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now