ep-22

2.2K 262 47
                                    

(Unicode)

yangziက သူ့ဆီကိုလာမယ်လို့ဖုန်းဆက်ပီး နာရီဝတ်အကြာမှာ လူခေါ်ဘဲလ်အသံမြည်လာသည်။သွားဖွင့်လိုက်တော့ အခန်း​ရှေ့မှာ yangziက ခပ်ယဲ့ယဲ့ပြုံးပီးရပ်နေသည်။

"လာလေ yangzi အထဲဝင်"

yibo အရင်အတိုင်းပဲ ရင်းရင်းနှီးနှီးပြောဆိုလိုက်သည်။
ဒေါက်အမြင့်လေးကိုချွတ်လို့ yangziက အခန်းထဲ လှမ်းဝင်လာရင်း အခန်းပတ်လည်ကိုဝေ့ဝဲကြည့်နေ၏။

"နင့်ကြည့်ရတာ အတော်အဆင်ပြေနေပုံပဲ...အင်းလေ xiaoxiaozhanဆိုတဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်ရဲ့မန်နေဂျာဘဝက special nurse ဘဝထက် ပိုအဆင်ပြေမှာပေါ့"

"အဆင်ပြေတာတော့မှန်ပါတယ်...အများကြီးကူညီပေးထားလို့ ငါ့မှာ xiaozhanကို ကျေးဇူးတင်နေရတာ"

yangziက ခေါင်းတစ်ချက်ညိတ်ပြုံးရင်း ဆိုဖာမှာဝင်ထိုင်သည်။

"xiaozhan ကို ရုပ်ရှင်လောကထဲမှာ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ဖို့ ငါစီစဥ်ထားတယ် yibo...
xiaozhanက သူ့ဆုံးဖြတ်ချက်က နင့်ဆီမှာဆိုလို့ ငါလာတာ"

yangziကပြောရင်း yiboကို စူးစူးနက်နက်ကြည့်နေ၏။

"xiaozhanစကားကြားတော့ ငါအရမ်းအံဩသွားတာ...အဟင်း နင်အရမ်းတော်တယ်နော် yibo..အချိန်တိုလေးအတွင်းကို အပိုင်ချည်ထားလိုက်နိုင်တာပဲ"

"yangzi နင့်စကားက ငါ့ဂုဏ်သိက္ခာကိုအရမ်းစော်ကားလွန်းနေပီနော်"

"အိုး အဲ့လိုဖြစ်သွားလား sorryနော် ဟက်ဟက်...
ဒါပေမယ့် အခုအခြေအနေအရတော့ အဲ့ဒီလိုပဲဖြစ်နေတယ်လေ"

"အခုဖြစ်နေတာလို့ပြောရအောင် ငါတို့ကဘာဖြစ်နေလို့လဲyangzi"

"ဒါဆိုငါမေးမယ် yibo...နင် wenhanကိုချစ်နေတုန်းပဲလား"

"sorry yangzi နင်မဆိုင်တာတေ မမေးပါနဲ့"

"အဲ့ဒါ နင်မရိုးသားတာပဲ...ဘာလဲ wenhanကိုမရနိုင်လို့ xiaozhanကို အပိုင်ကပ်လိုက်တာလား"

"yangzi!!!!"

ဒေါသရော ရှက်စိတ်ရောကြောင့် yiboအော်လိုက်မိသည်။

"ဟင် ဒါလေးမေးတာကို နင်ဒေါသထွက်သွားတယ်....အနာပေါ်တုတ်ကျဖြစ်သွားတာလား yibo"

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now