ep-17

2.9K 274 17
                                    

(Unicode)

နောက်တနေ့မှာ yiboနေထိုင်သည့်အဆောင်သို့ xiaozhan ရောက်လာခဲ့ပါသည်။
fanxing ကလဲ ဂျူတီနားရက်မို့ အဆောင်တွင်ရှိနေသည်။

xiaozhanက မနေ့ကပြောခဲ့သော အလုပ်ကိစ္စကို fanxing ရှေ့မှာပဲပြောနေတော့ fanxing ကမျက်လုံးလေးပြူးကာ အံ့ဩလို့။

"yi.. yibo အလုပ်ရနေပီလား"

"ဟင့်အင်း စဥ်းစားနေတာပါ..xiaozhan နဲ့ မထင်မှတ်ပဲ ဆုံပီး သူကကူညီလို့"

"စဥ်းစားမနေနဲ့တော့ yibo အဆင်ပြေတာပဲ လုပ်လိုက်"

fanxing ကအားပေးလို့ရော သူလဲစမ်းလုပ်မယ်စိတ်ကူးထားတာရောကြောင့် လက်ခံလိုက်သည်။

"ညီ လက်ခံပီဆိုရင် ဒီအဆောင်မှာမနေပါနဲ့...ကိုယ်ဝယ်ထားတဲ့ တိုက်ခန်းရှိတယ် အဲဒီမှာနေ...fanxing လဲလိုက်နေလို့ရတယ်"

"မနေပါဘူး ကျွန်တော့ဘာသာအဆောင်ငှားနေမယ်"

"ကိုယ့်တိုက်ခန်းကအပိုဖြစ်နေမှာပေါ့... အလကားပိုက်ဆံအကုန်မခံပါနဲ့ ညီကလဲ"

"ဟုတ်သားပဲ yiboရယ် ငါလဲ လိုက်နေပေးမှာပေါ့"

အစစအရာရာအဆင်ပြေနေသော အခြေအနေမို့ yibo မငြင်းသာခဲ့ပါ။

ဒါပေမယ့် တကယ်တမ်း xiaozhanရဲ့ တိုက်ခန်းကိုပြောင်းတော့ fanxingက မလိုက်နိုင်။

"သေချာစဥ်းစားကြည့်တော့ မလွယ်ဘူး yibo..ဒီမှာက ဆေးခန်းနဲ့နီးတယ်... အဲ့ဒီမှာလိုက်နေရင် ဂျူတီချိန်ကို ငါမှီမှာမဟုတ်ဘူး"

"ဒါဆို မင်းကမလိုက်တော့ဘူးပေါ့"

"လိုက်ဖို့မလွယ်ဘူးလေ... မင်းနေရာမှာ အသစ်ရောက်တဲ့တစ်ယောက်ကလဲ ငါနဲ့နေချင်တယ်တဲ့...ငါတို့ဒီအခန်းကိုပဲဆက်ငှားနေတာပဲအဆင်ပြေမယ်"

"မင်းမနေဘဲ ငါနေလို့ကောင်းပါ့မလား"

"ဘာဆိုင်လို့လဲ မင်းကလဲ...မင်းအတွက်အားလုံးအဆင်ပြေနေတာကြီးကို နေလိုက်ပါ"

အခြေနေတေကို ချင့်ချိန်ကာ သူခေါင်းညိတ်ရပြန်၏။fanxing နဲ့နေရင် wenhanနဲ့ရော yangziနဲ့ရော တွေ့နိုင်သည်။
ကိုယ်က xiaozhanဆီမှာအလုပ်လုပ်တာ သဘောရိုးပေမယ့် yangziအထင်လွဲနိုင်သေး၏။

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now