ep-24

2.2K 230 27
                                    

(Unicode)

နောက်တစ်နေ့မနက်စောစော yiboနိုးခါစပဲရှိသေးသည် xiaozhanက တိုက်ခန်းသို့ရောက်ချလာ၏။

"အလုပ်ကိစ္စရှိတာလား xiaozhan ခဏထိုင်အုန်းနော် ကျွန်တော်မျက်နှာမသစ်ရသေးလို့"

"ကောင်းတယ် ခလေးကတော့ တစ်ညလုံးအိပ်ကောင်းလို့ မောင့်မှာတော့တစ်ညလုံး အိပ်မရဘူး...
ညတွင်းချင်းထွက်လာမလို့ မနည်းထိန်းထားရတယ်"

"ဟင် ဘာဖြစ်လို့လဲ"

xiaozhanမျက်နှာက မှုန်ကုပ်နေပီး မျက်ဝန်းစူးစူးတေနဲ့ yiboကို စူးစိုက်ကြည့်ရင်း

"မသိချင်ယောင်မနေနဲ့ ခလေး! ညက ဘာလို့ ဖုန်းစက်ပိတ်ထားတာလဲ"

ဒီတော့မှ xiaozhanစိတ်တိုနေတာကို yiboသိတော့သည်။

"အာ...ဟုတ်ပါရဲ့ ဖုန်းအားမရှိတာကိုထမင်းစားပီးသွင်းမလို့ပဲ...ထမင်းစားပီး နားရင်းတန်းအိပ်ပျော်သွားတော့ အားမသွင်းလိုက်ရဘူး အဲ့ကနေစက်ပိတ်သွားတာ..."

"ဟင်း...ခလေးကတော့ ဖြစ်ရမယ်"

"တကယ်ပါ xiaozhanရဲ့ တောင်းပန်ပါတယ်နော်"

အတည်ပေါက် အမူအရာကောင်းကောင်းနဲ့တောင်းပန်နေတော့ xiaozhanရဲ့မှုန်ကုပ်ကုပ်မျက်နှာက ပြန်ကြည်လင်လာသည်။

"ထားပါတော့ ခလေးတမင်လုပ်တာမှမဟုတ်တာ....ညက ခလေးရဲ့သူငယ်ချင်းyangziအကြောင်းပြောပြမလို့ကို"

"yangzi! yangzi ဘာဖြစ်လို့လဲ"

yangziအကြောင်းဆိုတော့ yiboသိချင်စိတ်က ပြင်းပြင်းပြပြ....

"သူက မောင့်ကိစ္စကို Jieတို့ဆီသွားဆွေးနွေးတယ်လေ"

"ဟင်!"

"သိတဲ့အတိုင်း Jieတို့က yangziကိုသဘောကျတဲ့သူတေဆိုတော့ yangzi ကမ်းလှမ်းတာကိုလက်ခံဖို့ မောင့်ကိုတိုက်တွန်းနေကြတယ်"

yiboရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။အစ်မတေကတိုက်တွန်းနေတယ်ဆိုတော့ xiaozhanက လက်ခံခဲ့ပီလား???

"မောင် သရုပ်ဆောင်လုပ်ဖို့ဝါသနာမပါဘူးလို့ပြောပီး အပြတ်ငြင်းခဲ့တယ်"

ရင်ထဲက ပူပန်စိတ်လေးဟုတ်ခနဲ ငြိမ်းသွားသည်။xiaozhanသာ လက်ခံခဲ့ရင် yiboကို yangziကအနိုင်ယူတော့မှာ။

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now