(Unicode)
အနီပေါ်မှာအနက်စင်းထားသောရှပ်လက်ရှည်လေးကို ကိုင်ထားသည့်လက်အစုံကတုန်ယင်နေ၏။
"အဲ့ဒါ wenhan အကျီ..လေ"
"ငါသိတယ် fanxing"
"yangziတို့အိမ်မှာမေ့ကျန်ခဲ့တာ..တမင်ချန်ထားခဲ့တာလားတော့မသိဘူး..yangziကပြန်ပေးတော့ မယူဘူး မိန်းခလေးလဲဝတ်လို့ရတယ်ယူလိုက်လို့ပြောတာ"
fanxingပြောနေတာတေကို ကြားတချက်မကြားတချက်ပါပဲ။
"အသစ်ကြီးပဲရှိသေးတာကို"
"သူလဲပြောတယ် တခါမှမဝတ်ရသေးဘူးတဲ့ စိတ်သန့်သန့်နဲ့ယူတဲ့"
"အဲ့ဒါနဲ့ yangziက ယူလိုက်တယ်ဆိုပါတော့"
"မယူချင်လို့ မင်းကိုပေးခိုင်းလိုက်တာပေါ့"
ကိုယ့်လက်ထဲက အကျီ..ကို ကတ်ကြေးနဲ့ဆွဲညှပ်ချင်စိတ်ပေါက်သွားသည်။
ဒီအကျီ..လေးက wenhanကို yiboလက်ဆောင်ပေးခဲ့တဲ့အကျီ..။
အငတ်ခံပီးလစာထဲကဖဲ့စုခဲ့ရတာကို အမှတ်ရမိတော့ ရင်မှာနာကျင်လာရသည်။တန်ဖိုးမကြီးပေမယ့် စေတနာကိုတော့အသိအမှတ်ပြုသင့်သည်။
အခုလို လက်လွတ်စပယ်ပေးပစ်လိုက်တဲ့လုပ်ရပ်က yiboကို မပတ်သက်ချင်သည့်သဘော။
မလိုအပ်ရင်တောင်မှ သူငယ်ချင်းတစ်ယောက်အနေနဲ့သိမ်းထားသင့်တာကို ပီးတော့ yangziကိုမှ ပေးလိုက်သည်တဲ့လား.....
နာကျင်လာသည့်ရင်ထဲကတစ်စုံတစ်ရာကြောင့် မျက်ရည်တေရစ်ဝိုင်းလာပေမယ့် yiboမျက်ရည်ကျခွင့်မပေးခဲ့။"ငါ့အထင် wenhanက yangziကို ချစ်နေတာဖြစ်မယ်"
fanxingရဲ့အသံက နှလုံးသားကိုဖောက်ထွင်းသွားသလိုပင်။မင်းက အခုမှသတိထားမိသလား fanxingရဲ့..
"ဟိုတနေ့က ကတ္တီပါဘူးက ဆွဲကြိုးလေး ထည့်ထားတာတဲ့ wenhan ငါ့ကိုပြောတာ"
"အဲ့ဒီတော့ ဘာဖြစ်လဲ ဆက်ပြော"
"နောက်လထဲyangzi မွေးနေ့ရှိတယ်လေ အဲ့အတွက်ကြိုယ်ဝယ်ထားတာတဲ့"
yangziအတွက်ဆိုရင် wenhanက အဲဒီလောက်တောင် အရေးထားခဲ့သလား။
yiboငိုင်တွေသွားသည်။အရာရာတိုင်းမှာ ကံကြမ္မာက ဘာကြောင့် သူ့ဘက်မှာ ရှိမနေရတာလဲ။
YOU ARE READING
အခန်းဆက်သီချင်း(ZhanYi)
Fanfictionချစ်လွန်းလို့ အနားမှာခေါ်ထားမိတာပါခလေးရာ မင်းပင်ပန်းစေဖို့နဲနဲလေးမှမရည်ရွယ်ခဲ့မိပါဘူး🖤🖤🖤 XiaoZhan