(Unicode)
"ဘာလို့အလုပ်ထွက်ရတာလဲ yiboရယ်"
fanxingရဲ့ စိတ်မကောင်းစွာပြောတဲ့အပြောအတွက် yiboတုံ့ပြန်စရာမရှိပါ။
"နင်အလုပ်ထွက်တာ ငါ့ကြောင့်လား ဒါမှမဟုတ် wenhanကြောင့်လား yibo"
"မဟုတ်တာဟာ ငါအလုပ်ကိုစိတ်မပါတော့လို့ပါ"
"သေချာရဲ့လား yibo ငါကတော့ wenhanကြောင့်လို့ပဲထင်တယ်...ဟိုရက်က ငါသူ့ကိုပွင့်ပွင့်လင်းလင်းပြောလိုက်မိတယ်လေ...ငါစိတ်မကောင်းပါဘူးဟာ..."
yangziက တောင်းပန်သလိုပြောနေသည်။
"တကယ်မဆိုင်ပါဘူးဆို yangziရယ်"
yangziက သူ့မျက်ဝန်းတေကိုစိုက်ကြည့်လာသည်။yangziရဲ့အကြည့်တေကို ရင်မဆိုင်ချင်တာကြောင့် ရှောင်လွှဲလိုက်ရင်း
"ငါ့စိတ်နဲ့ငါ ထွက်လိုက်တာ...ဒီအလုပ်ကစိတ်အလိုလိုက်လို့မရဘူးလေ စိတ်ထဲရှိသလိုပြုမူလို့မရဘူး မပြုံးချင်ပဲပြုံးရတာတေ စိတ်မပါပဲပြောရတာတေကငါနဲ့မကိုက်ဘူးဟ...ကြာတော့တဖြည်းဖြည်းနဲ့အလုပ်ကိုစိတ်မဝင်စားချင်တော့ဘူး ဒါကြောင့်ထွက်လိုက်တာ"
"အခု နင်ဘာလုပ်မှာလဲ နင့်အဒေါ်နဲ့ပြန်နေမှာလား"
"ဟင့်အင်း မနေပါဘူး လောလောဆယ်တော့အဆင်ပြေသလိုပေါ့ တခြားအလုပ်တစ်ခုရှာမယ်"
"အင်း တားမရလဲမတားတော့ပါဘူး...ဒါပေမယ့် နင်ပြန်လာချင်စိတ်ရှိရင် ပြန်လာခဲ့ အချိန်မရွေးပဲ ငါစောင့်နေမယ်"
နှစ်သိမ့်တာလား ဘာလား သူမခွဲခြားတတ်တော့ပါ။
မော့ကြည့်တော့ yangziက သူနားလည်တယ်ဆိုတဲ့အကြည့်နဲ့ကြည့်ရင်း သူ့ပခုံးကိုဆုပ်ကိုင်သည်။ငယ်စဥ်ကတည်းကခင်လာတဲ့ သူငယ်ချင်းဆိုတဲ့အသိကြောင့် yiboရင်ထဲမှာ ဝမ်းနည်းချင်သလိုလိုဖြစ်ရသည်။
ဒါပေမယ့် ဆုံးဖြတ်ပီးသောကိစ္စကိုတော့ မပြင်ချင်တော့ပါ။
နားထဲမှာ wenhanရဲ့ ဒေါသစကားနဲ့ စွပ်စွဲသံတေကပဲ့တင်ထပ်လို့နေဆဲ။
အားလုံးနဲ့ကင်းပြတ်သောနေရာတခုက yiboအတွက်အဆင်အပြေဆုံးဖြစ်မှာပါ။
YOU ARE READING
အခန်းဆက်သီချင်း(ZhanYi)
Fanfictionချစ်လွန်းလို့ အနားမှာခေါ်ထားမိတာပါခလေးရာ မင်းပင်ပန်းစေဖို့နဲနဲလေးမှမရည်ရွယ်ခဲ့မိပါဘူး🖤🖤🖤 XiaoZhan