ep-18

2.8K 260 16
                                    

(Unicode)

လူခေါ်ဘဲလ်သံကြောင့် သီချင်းထဲမှာနစ်မျောနေသော yiboရဲ့အာရုံတေ လွန့်လူးသွားရသည်။

အသစ်ထွက်မယ့် xiaozhanရဲ့ သီချင်းခွေကြမ်းကို yiboတစ်ယောက်ထဲ ထိုင်နားထောင်နေတာဖြစ်သည်။

သီချင်းစာသားကလဲကောင်းသလို xiaozhanရဲ့အသံနဲ့လဲ လိုက်ဖက်တာကြောင့် ဒီalbum လဲ ဝက်ဝက်ကွဲပေါက်အုန်းမှာအသေအချာလို့တွေးရင်း သီချင်းထဲမှာမျောနေမိတာ။

ရုတ်တရက်ထမြည်တဲ့ဘဲလ်သံကြောင့် လန့်သွားရပီး ကသောကမြောထလှမ်းကာ အခန်းတံခါးကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် သူအံဩသွားရသည်။

အခန်းရှေ့မှာမားမားမတ်မတ်ရပ်နေတာက wenhan...

"yibo ငါ မင်းဆီလာတာ"

မမျှော်လင့်ထားတဲ့သူမို့ yiboဘာပြောရမှန်းမသိဖြစ်ကာကြောင်နေသည်။
xiaozhanက လာမည်ဆိုဖုန်းကြိုဆက်တတ်တာကြောင့် fanxingလာတာလို့ပဲထင်ခဲ့တာ။
အခုတော့...

"ဘာလဲ yibo ငါ့ကို အိမ်ထဲတောင်ဝင်ခွင့်မပေးတော့ဘူးလား"

"Sorry, wenhan မင်းလာမယ်လို့ မထင်ထားလို့...ဝင်ခဲ့လေ"

အပေါက်ဝကဖယ်ပေးရင်းပြောရသည်။

wenhanက ဖိနပ်ကိုငုံ့ချွတ်ပီး အခန်းထဲလှမ်းဝင်ရင်း တိုက်ခန်းထဲကအပြင်အဆင်တေကိုဝေ့ဝဲကြည့်နေ၏။

"ထိုင်လေ wenhan"

wenhanက ဆိုဖာတွင်ဝင်ထိုင်ရင်း

"ခုဖွင့်ထားတာ xiaozhanရဲ့သီချင်းအသစ်လား"

"ဟုတ်တယ် ဒီလကုန်လောက်ထွက်မယ့်ဟာလေ..."

wenhanက ခေါင်းတစ်ချက်ဆတ်ရင်း yiboမျက်နှာဆီမှ အကြည့်လွှဲကာ အခန်းတွင်းကိုပြန်ကြည့်နေပြန်သည်။

yibo ငြိမ်သက်စွာပဲ wenhanကို ငေးကြည့်နေရင်း ဘာမှဧည့်မခံဖြစ်သေးတာကို သတိရပီး

"coffeeသောက်မလား wenhan ငါဖျော်ပေးရမလား"

"နေ နေ yibo...ငါ တကယ်ဘာမှမသောက်ချင်လို့"

".........."

"မင်း အခုလိုအဆင်ပြေနေတာကိုမြင်ရတာ ငါတကယ်ဝမ်းသာတယ်"

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now