ep-7

2.8K 246 3
                                    

(Unicode)

မွန်းကြပ်နေတဲ့စိတ်ကြောင့် ဒီနေ့ရှိသမျှ scheduleတေဖြတ်ချပီး သူငယ်ချင်းတေနဲ့ အတူ espresso bar မှာထိုင်နေမိသည်။
အေးအေးဆေးဆေးအနားယူချင်တာမို့ တစ်ယောက်ယောက်မြင်သွားသိသွားမှာကို xiaozhanမလိုလား။
သူ့ရုပ်ကိုမမှတ်မိအောင် နေကာမျက်မှန်အကြီးကြီးတပ်ပီး ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားသည်။

"ဂိုက်ပေးကြမ်းလှချည်လား xiaozhanရာ ဦးထုပ်နဲ့မျက်မှန်ကြီးကိုချွတ်ထားစမ်းပါ"

yubinက ပြောပြောဆိုဆိုပင် မျက်မှန်ကိုလှမ်းဆွဲချွတ်၏။

"ဘာလဲ ငါချောနေလို့ မနာလိုတာလား မျက်မှန်မပါရင်ပိုတောင်ချောသေးတယ်..ငါ့ကိုမှတ်မိကုန်မှာစိုးလို့တပ်ထားရတာ ဟ..ဟ"

xiaozhan ပြောင်စပ်စပ်ပြောပီး မျက်မှန်ကိုပြန်တပ်လိုက်သည်။

"မျက်မှန်မချွတ်လဲ ဦးထုပ်ချွတ်ထားကွာ မင်းအစားငါစိတ်အိုက်လို့"

"ဦးထုပ်ချွတ်လိုက်ရင် ပိုဆိုးသွားမှာပေါ့ကွ"

လက်ကာရင်းဆိုတော့ yubinက ဇွတ်အတင်းဆွဲချွတ်ဖို့လုပ်သည်။zhouchengကမနေသာတော့ပဲ

"အေးဆေးနေစမ်းပါ yubinရာ သူ့ဘာသာနေစမ်းပါစေ ဆုံတုန်း စကားလေးဘာလေး​ပြောပါရစေဦး"

"ဘာတေပြောမှာလဲ မင်းအစ်မနဲ့ xiaozhanကို အောင်သွယ်ပေးမလို့လား"

zhoucheng မျက်နှာကြီးနီရဲသွားပီး ကော်ဖီခွက်ကိုစောင့်ချကာ

"ဟေ့ကောင် မင်းမိုက်မရိုင်းနဲ့နော်"

"မိုက်ရိုင်းတာမဟုတ်ပါဘူးကွာ စေတနာနဲ့ပါ
မင်းစဥ်းစားကြည့် xiaozhanက နာမည်ရနေတဲ့အဆိုတော်ကွာ ရှေ့လျောက်အောင်မြင်ဖို့ပဲရှိတော့တာ အ့ မင်းအတွေးမမှားနဲ့ ပေးသာပေးစားလိုက်"

"သွားသေလိုက်ပါလား မင်းသဘောကျလို့ရှိရင် မင်းအစ်မနဲ့ပေးစားလိုက်ပေါ့"

"ငါကပေးစားချင်ပါတယ်၊ ငါ့အစ်မလိုစွာတေးလန်စပ်စလူးထက် မင်းအစ်မလိုသိမ်သိမ်မွေ့မွေ့လေးကို xiaozhanကပိုသဘောကျရှာမှာပေါ့ကွ ဟုတ်တယ်မလား"

yubinက xiaozhanကို မေးဆတ်ပြရင်းပြောသည်။yubinက အစအနောက်သန်သူ zhouchengက စိတ်လက်တဆစ်နဲ့ ဆတ်ဆတ်ထိမခံတတ်သူ။
အခွင့်သာတုန်း နာနာနှက်နေတဲ့ yubinကြောင့် zhoucheng ရှူးရှူးရှားရှားဖြစ်လာပီး

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now