ep-20

2.3K 247 19
                                    

(Unicode)

အရေးကြီးကိစ္စတိုင်ပင်စရာရှိတယ်ဆိုပီး xiaozhan ချိန်းထားတာကြောင့် yiboတစ်​ယောက် စားသောက်ဆိုင်လေးရဲ့ private roomထဲရောက်နေရသည်။

yiboရောက်ပီး နာရီဝက်လောက်ကြာမှ xiaozhanက ကသောကမျောရောက်လာသည်။
ဦးထုပ်နဲ့maskကိုချွတ်ပီး ပိပြားနေတဲ့အညိုရောင်ဆံနွယ်တေကိုထိုးဖွရင်း

"ကားပေါ်ကအဆင်း မှတ်မိတဲ့သူရှိသွားလို့ပတ်နေရတာ စောင့်ခိုင်းထားသလိုဖြစ်သွားလို့ sorry"

xiaozhanကိုကြည့်ကာ yiboတောင်မောချင်ချင်ဖြစ်သွားရ၏။
အောင်မြင်ကျော်ကြားရတဲ့ဘဝကလဲမလွယ်ပါလား။
လွတ်လပ်မှုတေဝေးလိုက်တာ။

"ခင်ဗျားအဖြစ်ကလဲ ရင်မောစရာပဲ"

"အဟွန်း ကိုယ်ကတော့ရိုးနေပီ"

ရှေ့သွားနှစ်ချောင်းပေါ်အောင်ရယ်ပီးပြောနေတဲ့ xiaozhanက ထိုင်ငေးနေချင်စရာကောင်းပါသည်။
ချောမွေ့နေတဲ့မျက်နှာမှာ အဲ့ဒီယုန်သွားလေးနှစ်ချောင်းနဲ့ နှုတ်ခမ်းဖျားကမှဲ့လေးကဆွဲဆောင်မှုအရှိဆုံးပဲမဟုတ်လား...အား!!!! yibo မင်းဘာတေတွေးနေတာလဲ....ဒီနေ့မှလူကဘာဖြစ်နေမှန်းကိုမသိ!

"ရင်မောနေရင် အအေးအရင်သောက်ထားပါလား"

အအေးဘူးကိုဖောက်ပီးပိုက်တပ်ပေးကာ  yiboရှေ့ရွှေ့ပေးရင်း ပြုံးပြန်၏။မျက်ဝန်းထဲအထိ ရောင်စဥ်သမ်းအောင်ပြုံးတတ်တဲ့ xiaozhanကို yangziစွဲလန်းနေတာ ဆန်းတော့မဆန်းလို့ တွေးမိပြန်ရော။
အအေးဘူးကိုယူပီး yibo ပိုက်ကိုငုံစုပ်လိုက်သည်။

စိတ်ထဲမှာမလုံမခြုံဖြစ်လာတာကြောင့် မျက်လွှာပင့်ကြည့်လိုက်တော့ သူ့ကိုစူးစိုက်ကြည့်နေတဲ့ xiaozhan။

xiaozhanအကြည့်တေကြောင့် ရင်ထဲမှာ တုန်လှုပ်သွားတာမျိုးမဟုတ်ဘဲ လှပ်ခနဲဖြစ်သွားရသည်။နားမလည်နိုင်တဲ့ကိုယ့်အခြေအနေကိုယ်ထိန်းလိုက်ပီး

"တိုင်ပင်စရာရှိတယ်ဆို..."

"အေးဆေးပေါ့ စားသောက်ပီးမှပြောကြတာပေါ့ ကိုယ်ဗိုက်ဆာနေပီ"

ပြောနေတုန်း waiterလေးဝင်လာပီး အစားအသောက်တေချပေးကာ ပြန်ထွက်သွားသည်။

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now