ep-13

2.5K 274 12
                                    

(Unicode)

"jie သဘောကတော့ special nurse အစား special doctor ပဲ ငှားလိုက်ချင်တယ်"

တံခါးဖွင့်တော့မည့်ဆဲဆဲ yiboလက်တေ အလိုလိုရပ်တန့်သွားရသည်။ဆက်၍နားစွင့်နေမိ၏။ ဒါ xiaolejieရဲ့အသံ။

"ဘာဖြစ်လို့လဲ lejieရဲ့"

yangziပါ အခန်းထဲရှိနေတာပဲ။သူထင်ထားတာထက် ခြေလှမ်းသွက်နေပါလားလို့ တွေးမိသည်။

"လူနာကို စေတနာပါပါ အပြုံးချိုချိုလေးနဲ့စိတ်ချမ်းသာအောင်ပြုစုမှ လူနာကနေလို့ထိုင်လို့ကောင်းမှာပေါ့ Ziရယ်...ခုတော့ အမြဲတမ်းရှစ်ခေါက်ချိုးနေတဲ့မျက်နှာနဲ့ဆိုတော့ လူနာလဲစိတ်မချမ်းသာဘူးပေါ့ အလိုလိုက male nurseမို့ ရှိန်ရတဲ့ထဲ သူ့မျက်နှာကတင်းနေမှတော့ ဖြစ်ချင်တာတောင်ကောင်းကောင်းမပြောရဲရဘူး... Ziအရမ်းထောက်ခံပေးလို့သာခေါ်ထားရတာ jieက အစထဲက သဘောမကျဘူးရယ်"

"leleကတော့လေ မဟုတ်တာတေပြောနေပြန်ပီ ကောင်လေးကိုအားနာစရာ...မျက်နှာတင်းတာကလွဲရင်အကုန်အဆင်ပြေပါတယ်ဆိုမှပဲ"

"ငါပြောတာက ဆရာဝန်ဖြစ်တဲ့Ziတောင် သူ့လောက် ဘဝင်မမြင့်လို့ ပြောနေရတာ...
သူ့ပုံစံက nurseလုပ်ဖို့မကောင်းဘူး မင်းသားတို့မော်ဒယ်တို့လုပ်ခဲ့ရမှာ အသားလွတ်ဘဝင်မြင့်နေတယ်..... Ziမျက်နှာကိုကြည့်စမ်း အမြဲတမ်းကြည်ပီးချိုပြုံးနေတာပဲ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ"

ပြောရင်းရယ်နေကြတဲ့အသံတေက yiboနှလုံးသားကိုဆုပ်ကိုင်ဖျစ်ညှစ်လိုက်သလိုပါပဲ။
အဆင်မပြေတာတေများလို့ စိတ်ထဲမပါလို့ မပြုံးနိုင်တာသူ့အပြစ်လား????
သူတာဝန်မကျေတာဘာများရှိလို့လဲ???
ဘာလို့များ သူ့ကိုပဲ အမြင်မကြည်ကြရတာလဲ???
yibo မျက်ရည်မကျအောင်နှုတ်ခမ်းတို့ကို ဖိကိုက်အားတင်းပီး ရပ်နေရာမှာ လှည့်ထွက်ပီး ခြေလှမ်းတို့ကို လမ်းမဘက်ဆီဦးတည်မိသည်။

"ညီ!!! ညီ!!!"

"ညီ ခဏနေပါဦး!!!"

ပြေးလိုက်လာသော​ခြေသံကြောင့် လှည့်ကြည့်လိုက်တော့မောပန်းနေသော xiaozhanကို တွေ့လိုက်ရသည်။

"တံခါးအဖွင့်မှာမြင်လိုက်လို့ လိုက်လာတာ lejie​ပြောတာတေကို ညီကြားသွားတယ်နဲ့တူတယ်"

အခန်းဆက်သီချင်း(ZhanYi)Opowieści tętniące życiem. Odkryj je teraz